Company News: iPhone X မိတ်ဆက်ပွဲမှာ Face ID feature အလုပ်မလုပ်တဲ့ ပြဿနာကြုံခဲ့

passcode တက်လာပါတယ်။

အနာဂါတ်ရဲ့ စမတ်ဖုန်းလို့ တခမ်းတနားမိတ်ဆက်သွားခဲ့တဲ့ iPhone X မှာ အဆန်းသစ်ဆုံး feature ကို ပြောပါဆိုရင် သုံးစွဲသူရဲ့ မျက်နှာနဲ့ ဖုန်းဖွင့်နိုင်တဲ့ Face ID ကိုပဲ ပြောရမှာပါ။ ဒီ feature ဟာ iPhone X ကို အကြီးအကျယ်ဆုံး အမှတ်လက္ခဏာလို့ ပြောနိုင်ပေမယ့် တကယ့်တကယ် စင်ပေါ်မှာလည်း မိတ်ဆက်ရော အလုပ်မလုပ်တဲ့ ပြဿနာဖြစ်သွားခဲ့ပါတယ်။

play

 

iPhone တိုင်းရဲ့ အစဉ်အလာ သင်္ကေတဖြစ်တဲ့ home button ကို လုံးဝ ဖျောက်ပစ်လိုက်တာနဲ့ အတူ Touch ID လက်ဗွေစနစ်ပါ နေရာပျောက်သွားခဲ့ပါတယ်။ iPhone X ဟာ သုံးနေကျ Touch ID ရဲ့ နေရာမှာ နည်းပညာမြင့် Face ID လို မျက်နှာနဲ့ ဖုန်းဖွင့်နိုင်တဲ့ စနစ်ကို သုံးခဲ့ပါတယ်။ သဘောကတော့ ဖုန်း screen ရှေ့မှာ သုံးစွဲသူရဲ့ မျက်နှာကို ဘယ်လိုပဲ ထားထား Face ID ကနေ ဒါကို ဖမ်းယူတိုက်စစ်ပြီး ဖုန်းဖွင့်ပေးသွားမှာပါ။

 

Face ID ကို ပရိတ်သတ်နဲ့ မိတ်ဆက်ပေးခဲ့သူက Apple ရဲ့ ဆော့ဖ်ဝဲ အင်ဂျင်နီယာဌာန အကြီးတန်းဒုဥက္ကဌ ခရစ်ခ်ျ ဖက်ဒရစ်ဂီ ဖြစ်ပါတယ်။ တကယ်တမ်း ဒီ Face ID ကို မိတ်ဆက်ချိန်မှာ မထင်မှတ်တဲ့ ပြဿနာနဲ့ ကြုံလိုက်ပါတယ်။ အကြောင်းကတော့ Face ID ကို ချက်ချင်းသုံးမရဘဲ passcode ကနေ ဝင်ဖို့ ကြုံလိုက်တာကြောင့် ဖြစ်ပါတယ်။

 

ဖက်ဒရစ်ဂီဟာ ရှက်ကိုးရှက်ကန်းဖြစ်သွားပြီး ထပ်ကြိုးစားကြည့်အောင် ပြောပြီး မျက်နှာကို ပွတ်သတ်ပြီးမှ ပြန်ဖွင့်လို့ ရသွားခဲ့ပါတယ်။ တစ်ချို့ သူတွေကတော့ ဒါဟာ ဖက်ဒရစ်ဂီကြောင့်ရော iPhone X ကြောင့်ပါ ဖြစ်ရတာမဟုတ်ဘူးလို့ ဆိုပါတယ်။ ဖုန်းဟာ Face ID စနစ် activate မဖြစ်ခင် password ဝင်ဖို့ အတွက် restart လုပ်ခိုင်းတာ ဖြစ်မယ်လို့ လည်း သုံးသပ်ခဲ့ပါတယ်။ Face ID ဟာ ကိုယ်နဲ့ မျက်နှာပေါက်ဆင်တဲ့ လူတစ်ယောက်ကနေ ဝင်သုံးလို့ မဖြစ်နိုင်တဲ့ လုံခြုံရေးစနစ် ဖြစ်ပြီး အကြိမ်ပေါင်း ၁ သန်းမှာ ၁ ခါပဲ လွဲနိုင်တယ်လို့ ဆိုပါတယ်။

play

 

တကယ်ပဲ iPhone X ရဲ့ Face ID ဟာ လုံခြုံစိတ်ချ မြန်ဆန်မလားဆိုတာ သေချာပေါက်မသိသေးပါဘူး။ ဈေးကွက်ထဲကို iPhone 8 နဲ့ 8 Plus တို့ ကို စက်တင်ဘာလ ၂၂ ရက်နေ့  ဖြန့် ချိသွားမှာ ဖြစ်ပေမယ့် iPhone X ကိုတော့ တစ်လကျော်နောက်ဆုတ်ပြီး နိုဝင်ဘာလ ၃ ရက်နေ့ မှ ရောက်လာမယ်ဆိုတာကြောင့် ဒါဟာ Face ID ကြောင့်လား ၊ ဈေးကွက်သဘောပဲလားဆိုတာ စဉ်းစားစရာဖြစ်နေပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ