Company News: ၂၀၁၆ ခုနှစ်အတွင်း စမတ်ဖုန်းအလုံးရေ ၂၂ သန်းစံချိန်တင် ရောင်းချနိုင်ခဲ့တဲ့ Meizu

Huawei ရဲ့ ရောင်းအားကိုတော့ လိုက်မမှီနိုင်သေးပါဘူး။

Meizu ဟာ ၂၀၁၆ ခုနှစ်အတွင်း စမတ်ဖုန်းအလုံးရေ ၂၂ သန်းအထိ စံချိန်တင် အရောင်းထွက်ခဲ့ပါတယ်။ ဒါဟာ Samsung နဲ့ Apple တို့ ရဲ့ စံချိန်နဲ့ ယှဉ်လို့ မရနိုင်သလို ပြီးခဲ့တဲ့ နှစ်အတွင်း အလုံးရေ သန်း ၁၄၀ ကျော်ခဲ့တဲ့ Huawei ရဲ့လစဉ် စမတ်ဖုန်းရောင်းအားကိုလည်း မမှီသေးပါဘူး။

play

 

ဒါပေမယ့်လည်း Meizu ကုမ္ပဏီအတွက်တော့ ဒါဟာ စံချိန်သစ်တစ်ခုဖြစ်ပြီး  အလုံးရေ သန်း ၂၀ ရောင်းချနိုင်ခဲ့တဲ့ ၂၀၁၅ ခုနှစ်ရောင်းအားထက် ၁၀ % ပိုတက်လာတာ ဖြစ်ပါတယ်။ တစ်ခြား တရုတ်ထုတ်ဈေးသင့်စမတ်ဖုန်းကုမ္ပဏီတွေလိုပဲ Meizu ဟာ နိုင်ငံတကာဈေးကွက်မှာ အခြေခိုင်အောင် ကြိုးစားနေတာပါ။ ပြီးခဲ့တဲ့၂၀၁၆ ဇန်နဝါရီ ကနေ ဒီဇင်ဘာအကြား Flyme OS သုံးအန်းဒရိုက်ဖုန်း အလုံးရေ ၂သန်းပဲ တင်ပို့ နိုင်ခဲ့ပါတယ်။

 

ကျန်အလုံးရေ သန်း ၂၀ ကတော့ ပြည်တွင်းဖြန့် ချိခဲ့တာဖြစ်ပေမယ့် ပြည်တွင်ူးပြိုင်ဘက်ကုမ္ပဏီတွေဖြစ်တဲ့ OPPO ၊ VIVO နဲ့ Xiaomi တို့ လောက်တော့ ဈေးကွက် မခိုင်ခဲ့ပါဘူး။ ဒီနှစ်ထဲမှာတော့ Meizu ဟာ Snapdragon နဲ့ ထွက်လာဖို့ ရှိပါတယ်။

လာမယ့် ဇွန်လလောက်မှာ မျက်နှာပြင်အကွေးဒီဇိုင်းနဲ့ MediaTek Helio X30 processor သုံး Pro 7 အမည်ရ စမတ်ဖုန်းကို တရုတ်ပြည်တွင်းထဲမှာ ဖြန့် သွားဖို့ ရှိနေပါတယ်။

Source: Pocketnow

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ