Company News: နာမည်ကျော် Minecraft ဂိမ်းကုမ္ပဏီကို Microsoft ဒေါ်လာ ၂.၅ ဘီလျံဖြင့် ဝယ်ယူ

ငွေကြေးကြောင့် ရောင်းလိုက်ရတာ မဟုတ်ဘူးလို့ သိရပါတယ်။

play

 

Microsoft ဟာ ဆွီဒင်ဗွီဒီယိုဂိမ်းကုမ္ပဏီတစ်ခုဖြစ်တဲ့ Minecraft ကို ဒေါ်လာ ၂.၅ ဘီလျံနဲ့ ဝယ်ယူသွားပါတယ်။ ဒါပေမယ့်လည်း ယခု အရောင်းအဝယ်မှာ ဒီဂိမ်းကုမ္ပဏီရဲ့ တည်ထောင်သူနဲ့  ထိပ်ပိုင်းအမှုဆောင်များတော့ မပါပါဘူး။

Microsoft ရဲ့ အမှုဆောင်အရာရှိချုပ်ဖြစ်တဲ့ ဆတ်ယာ နာဒဲလ်လာ မှ သတင်းထုတ်ပြန်ရာမှာ ကုမ္ပဏီအနေနဲ့ ရောင်းအားအကောင်းဆုံးဆော့ဖ်ဝဲလ်မျိုးကို ဦးတည်သွားဖို့ လိုအပ်နေပြီလို့ ဖော်ပြထားပါတယ်။

Minecraft မှ အသက် ၃၅ နှစ်အရွယ် မားကပ်စ် ပါဆင်အတွက်လည်း အလျော်အစားကြီးတဲ့ သဘောတူညီချက်လို့ ပြောရမှာပါ။ ပါဆင်ဟာ Microsoft အပါအဝင် တစ်ခြားကုမ္ပဏီကြီးတွေကို ဒီဂိမ်းကုမ္ပဏီလေးနဲ့ ရင်ဆိုင်ရပ်တည်ခဲ့တဲ့ သူရဲကောင်း developer တစ်ယောက်လည်း ဖြစ်ပါတယ်။

ဒီအရောင်းအဝယ်မတိုင်ခင်မှာ မိုဂျန်းဟာ Minecraft နှင့် ဆက်စပ်ပစ္စည်းများ ရောင်းချရာကနေ ဒေါ်လာ သန်း ၁၀၀ ကျော် မြတ်ခဲ့ပါတယ်။ Minecraft မှာ ပါဆင်နှင့် တစ်ခြား အမှုဆောင်တွေဖြစ်တဲ့ CEO ကားလ်မန်းနက် နှင့် အစုရှယ်ယာနှင့် ဘုတ်အဖွဲ့ ဝင် ဂျက်ကော့ဘ် ပေါ်ဆာ တို့ အပါအဝင် ဝန်ထမ်း ၄၀ ပဲ ရှိတာပါ။

မိုဂျန်းအဖွဲ့ ဟာ Microsoft Studios ရဲ့ အစိတ်အပိုင်းထဲ ပါသွားပေမယ့် ကုမ္ပဏီကို တွဲဖက်တည်ထောင်ခဲ့ကြသူတွေကတော့ တစ်ခြားပရောဂျက်သစ်ကို ခြေဦးလှည့်ရတော့မှာ ဖြစ်ပါတယ်။

 

Twitter နဲ့ Reddit မှာ တင်ခဲ့တဲ့ ပို့စ်တွေအရ ကုမ္ပဏီကို ရောင်းလိုက်ရခြင်းအပေါ် ပါဆင်ရဲ့ အမြင်ကို ဖော်ပြထားပါတယ်။ အခုလို နာမည်အရမ်းကြီးလာတဲ့ ဂိမ်းကို Minecraft ရဲ့ ဂိမ်းစတူဒီယို အသေးစားလေးထဲမှာ ဖန်တီးဖို့ ခက်လာတယ်လို့  ပါဆင်ကပြောခဲ့ပါတယ်။

ဒါ့အပြင် သူ့ ရဲ့  ကိုယ်ပိုင်ဝက်ဘ်ဆိုက်မှာလည်း ငွေကြောင့် ကြေးကြောင့် မဟုတ်ဘဲ လက်တွေ့ အခြေအနေကြောင့် ဖြစ်တယ်လို့ ရေးခဲ့ပါတယ်။

ဒီဂိမ်းကုမ္ပဏီကို စတင်ထူထောင်ခဲ့တဲ့ ၂၀၀၉ ကနေစပြီး Minecraft ဟာ PC ကွန်ပျူတာများ ၊ မိုဘိုင်းပစ္စည်းများနဲ့ Xbox တို့ လို ဗွီဒီယို ဂိမ်းစက်များအတွက် သန်း ၅၀ ကျော်ဖိုး ရောင်းချခဲ့ရပါတယ်။ ဒစ်ဂျစ်တယ်ဘလောက်တုံးများကို သုံးပြီး worlds များ ဖန်တီးကစားရတဲ့ ဒီဂိမ်းဟာ ကလေးနှင့် သက်ကြီးရွယ်အိုများ အကြိုက်ဂိမ်း တစ်ခု ဖြစ်ပါတယ်။ ဒီဂိမ်းဟာ လက်စွဲစာအုပ်များ ၊ ကစားစရာအရုပ်များ နှင့် ဖလင်များအတွက်လည်း လိုင်စင်ရထားပါတယ်။

Source : Wall Street Journal

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ