Company News: တရုတ်နိုင်ငံတွင် Pokemon GO ဖြန့် ချိမှု ပိတ်ပင်

နိုင်ငံ့လုံခြုံရေးနဲ့ ယာဉ်ကြောအခြေအနေများကြောင့် လို့ သိရပါတယ်။

play

 

တရုတ်နိုင်ငံဟာ Pokemon GO ဖြန့် ချိမှုကို တားဆီးလိုက်တာကြောင့် Pokemon GO အနေနဲ့ လူဦးရေ  သန်း ၁၃၀၀ ကျော်ရှိတဲ့ ဈေးကွက်ကြီးတစ်ခု လက်လွတ်ဆုံးရှုံးဖို့ ရှိနေပါတယ်။

Reuters သတင်းတစ်ရပ်အရ တရုတ်နိုင်ငံတော် သတင်းစာ ၊ ထုတ်ဝေခွင့် ၊ ရေဒီယိုနဲ့ ရုပ်သံအုပ်ချုပ်ရေးဌာနဟာ Pokemon GO ကစားခြင်းရဲ့ နောက်ဆက်တွဲ ဘေးများကို တွက်ချက်နေပြီး လက်တလောမှာ ဖြန့် ချိခွင့် လိုင်စင်ပေးသွားမှာ မဟုတ်ဘူးလို့ သိရပါတယ်။ သွားလာရေးပြဿနာများ နဲ့ ကစားသူတွေရဲ့ တစ်ကိုယ်ရေလုံခြုံမှုပိုင်း စတဲ့ တစ်ခြားကိစ္စတွေကိုလည်း ထည့်ပြီး စဉ်းစားထားပုံ ရှိပါတယ်။

play

 

Pokemon GO ကစားတာနဲ့ ဆက်စပ်တဲ့ မတော်တဆမှုများကြောင့် ဒီဂိမ်းဟာ အဝေဖန်ခံနေရပါတယ်။ Pokemon GO ကြောင့် ကားအက်ဆီးဒင့်တွေ ဖြစ်တတ်တာနဲ့ တင် တရုတ်နိုင်ငံအနေနဲ့ လိုင်စင်မပေးဖြစ်ဖို့ အကြောင်းခိုင်လုံနေပါတယ်။

တစ်ခြား ပြဿနာကတော့ တရုတ်ဟာ Pokemon GO ကြောင့် ဒေသပထဝီဝင်အချက်အလက် လုံခြုံရေးထိပါးလာမှာကို စိုးရိမ်နေပါတယ်။ Pokemon GO ဟာ AR ပုံရိပ်ဖော်ဂိမ်းဖြစ်တာကြောင့် Google Map ပေါ် အခြေခံပြီး တကယ့် တည်နေရာအတိုင်း ဆော့ရတဲ့ ဂိမ်းဖြစ်တာကြောင့် တရုတ်အတွက် စိတ်ပူစရာ ဖြစ်နေပါတယ်။

 

တရုတ်မှာ ဒီဂိမ်းကို ကစားခွင့်ပြုဖို့ ဆိုရင် Niantic ဂိမ်းကုမ္ပဏီအနေနဲ့  တရုတ်နိုင်ငံရဲ့ စိုးရိမ်မှုကို ဖြေရှင်းပေးဖို့ သူ့ ရဲ့ ပင်မဂိမ်းကစားကွက်ပုံစံကို အများကြီး ပြောင်းပေးရမှာ ဖြစ်လို့ လောလောဆယ် ဖြစ်နိုင်ဖွယ် မရှိသေးပါဘူး။ Reuters မှ မှတ်ချက်ပြုပြောဆိုရာမှာ တစ်ခြား ဂိမ်းကုမ္ပဏီများအနေနဲ့ AR ဂိမ်းများ ဖန်တီးနေတာဖြစ်လို့ တရုတ်နိုင်ငံရဲ့ လုံခြုံမှုပိုင်း မထိခိုက်အောင် ဘယ်လို ဖြေရှင်းမလဲဆိုတာကို ကြည့်ရမယ်လို့ ဆိုထားပါတယ်။ Pokemon GO ကို တရုတ်မှာ ဖြန့် ချိလို့ ရအောင် Niantic ဂိမ်းကုမ္ပဏီမှ ပုံပြောင်းလိုက်မလား ဒါမဟုတ် AR ဂိမ်းကုမ္ပဏီကပဲ အနိုင်ရသွားမလားဆိုကိုတော့ စောင့်ကြည့်သွားရမှာပါ။

Source: Reuters

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ