Company News: နမူနာပြထားတဲ့ မျက်နှာပြင် သုံးခုပါ Razer လက်ပ်တော့ အခိုးခံရ

2017 CES ပွဲမှာ အခိုးခံလိုက်ရတာပါ။

play

 

လာ့စ်ဗီးဂတ်မှာ ကျင်းပတဲ့ 2017 CES ပွဲမှာ နမူနာပြထားတဲ့ အဆင့်မြင့် Razer ဂိမ်းလက်ပ်တော့ မော်ဒယ်နှစ်မျိုး အခိုးခံလိုက်ရပါတယ်။ Razer ဂိမ်းကုမ္ပဏီထုတ် 4K screen သုံးခုပါ ဂိမ်းလက်ပ်တော့ဟာ ကမ္ဘာပေါ်မှာ တစ်မျိုးတည်းရှိတဲ့ မျက်နှာပြင်သုံးခုပါ လက်ပ်တော့ဖြစ်ပါတယ်။

ကုမ္ပဏီရဲ့ CEO ဖြစ်သူ မင်လန်တန်ကတော့ ဒီကိစ္စကို စုံစမ်းနေတယ်လို့ တနင်္ဂနွေနေ့ က သတင်းစာရှင်းလင်းပွဲမှာ ဖကြားထားပါတယ်။ Razer မှ ပြောခွင့်ရပုဂ္ဂိုလ်ကတော့ ဒီအမှုကို ဖမ်းဆီးနိုင်မယ့် အချက်အလက် အထောက်အထားပေးနိုင်သူကို ဒေါ်လာ ၂၅၀၀၀ ပေးသွားမယ်လို့ ဆိုပါတယ်။

"ဒီလက်ပ်တော့ဒီဇိုင်း ထွက်လာဖို့ ကျွန်တော်တို့ အဖွဲ့ မှာ လပေါင်းများစွာ ကြိုးစားခဲ့ရတာပါ" လို့ သူ့ ရဲ့ ရားဝင်ဖေ့စ်ဘွတ်စာမျက်နှာမှာ ပို့ စ်တင်ခဲ့ပါတယ်။

 

ကယ်လီဖိုးနီးယားမှာရုံးစိုက်တဲ့ Razer ကို စင်္ကာပူ စွန့် ဦးလုပ်ငန်းရှင် မင်လန်တန် က တည်ထောင်ခဲ့တာပါ။ ဒီ Razer မှတ်တံဆိပ်ဟာ ဂိမ်းလောကမှာ ထုတ်ကုန်ဒီဇိုင်းနဲ့ အလန်းစား features များကြောင့် နာမည်ကောင်းရထားပါတယ်။ ဂရပ်ဖစ်ကောင်းကောင်း နဲ့ မျက်နှာပြင်တစ်ခုတည်းလို သုံးသွားလို့ ရမယ့် Project Valerie လက်ပ်တော့ကြောင့် တစ်ကမ္ဘာလုံးက gamer များ စိတ်လှုပ်ရှားနေကြတာပါ။ Project Valerie ဟာ အခုထိနမူနာ prototype အဆင့်မှာပဲ ရှိသေးတာဖြစ်ပြီး ထွက်ရှိမည့်ရက်နှင့် ရောင်းမည့်ဈေးနှုန်း မသိရသေးပါဘူး။

Source: BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ