Company News: မကြုံစဖူး အကြပ်အတည်းများကြောင့် Samsung Electronics CEO ရာထူးမှ နှုတ်ထွက်စာတင်

ကုမ္ပဏီရဲ့ ဝင်ငွေကတော့ စံချိန်တင် မြင့်တက်နေပါတယ်။

Samsung Electronics ရဲ့ CEO တစ်ဦးဖြစ်သူ ကွမ်အိုဟွန်းဟာ ၂၀၁၈ ခုနှစ် မတ်လထဲမှာ လက်ရှိ CEO ရာထူးနေရာ ကအပြင် Samsung Display ရဲ့ CEO ရာထူးကနေပါ နှုတ်ထွက်တော့မယ်လို့ ကြေငြာလိုက်ပါတယ်။ တစ်ချိန်တည်းမှာ Samsung Electronics ရဲ့ တတိယသုံးလပတ် ဝင်ငွေဟာ စံချိန်တင်ရရှိဖို့ ရှိတယ်လို့ လည်း သိရပါတယ်။

play

 

လက်ရှိ Samsung Electronics ရဲ့ CEO ကွမ်အိုဟွန်းဟာ ရာထူးက နှုတ်ထွက်တဲ့ အကြောင်းရင်းကို အတိအကျ မပြောသွားပေမယ့် ဝန်ထမ်းတွေဆီကို ပို့ တဲ့ စာထဲမှာတော့ မကြုံဖူးတဲ့ အကြပ်အတည်းတွေနဲ့ ကြုံနေတာကြောင့် ကုမ္ပဏီအနေနဲ့ လူငယ်ခေါင်းဆောင်ပိုင်းနဲ့ အပြောင်းအလဲလုပ် သွေးသစ်လောင်းဖို့ အချိန်ကျပြီလို့ ယုံကြည်ကြောင်း ဖော်ပြထားပါတယ်။

 

ကွမ်အိုဟွန်းပြောသွားတဲ့ အကြပ်အတည်းဆိုတဲ့ အချက်ထဲမှာ မကြာသေးခင်က အကျင့်ပျက်ခြစားမှုမှာ ပါဝင်ပတ်သတ်ခဲ့တဲ့ Samsung Electroinics ရဲ့ ဆက်ခံသူ အသက် ၄၉ နှစ်အရွယ် လီဂျေယောင်းထောင်ကျသွားတဲ့ အချက်ကို ရည်ညွှန်းတာ ဖြစ်မယ်လို့ သုံးသပ်ရပါတယ်။

 

အသက် ၆၅ နှစ်အရွယ် ကွမ်အိုဟွန်းဟာ Samsung Electronics ရဲ့ အမှုဆောင်အရာရှိချုပ် ၃ ဦးထဲမှ ၁ ဦး ဖြစ်ပြီး ၂၀၁၂ ခုနှစ်ကတည်းက Samsung Electronics မှာ CEO ရာထူးနဲ့ တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။ Samsung Electronics ဟာ ဒီနှစ်ပိုင်းအတွင်းမှာ ဝင်ငွေ တဟုန်းထိုး တက်လာနေသလို ယခု သုံးလပတ်ဘဏ္ဍာရေးဇယားမှာလည်း စံချိန်တင် အမြတ်ငွေ ရရှိဖို့ အလားအလာရှိနေပါတယ်။

play

 

Samsung ရဲ့ ဝင်ငွေထဲမှာ တစ်ခြား စမတ်ဖုန်းကုမ္ပဏီတွေအတွက် လိုအပ်တဲ့ အစိတ်အပိုင်းတွေ ရောင်းချရာကနေ ရရှိတဲ့ ဝင်ငွေဟာ အဓိကကျနေပြီး memory chipset ရောင်းအားပိုင်းမှာလည်း Intel ကို ကျော်ပြီး ကမ္ဘာ့အကြီးဆုံး chip maker အဖြစ် ရပ်တည်လာနေပါတယ်။ ယခု တတိယသုံးလပတ်အတွက်လည်း Samsung Electronics မှာ ဝမ် ၁၄.၅ ထရီလီယံ (ဒေါ်လာ ၁၂.၈၁ ဘီလျံ) အထိ အမြတ်ငွေဝင်လာဖို့ ခန့် မှန်းထားပါတယ်။

Postby
ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ