Company News: အလိုအလျောက်မောင်းကားများကို လူအစစ်နဲ့ စမ်းသပ်ခဲ့တဲ့ Volvo

, updated

Hands-free mode နဲ့ အလိုအလျောက်မောင်းနှင်ခဲ့တာပါ။

play

 

ကမ္ဘာကျော်ဆွီဒင်ကားကုမ္ပဏီ Volvo ဟာ သူ့ ရဲ့ စမ်းသပ်ဆဲ အလိုအလျောက်မောင်းနှင်နိုင်သည့် Volvo XC90s ကားကို ဂူတင်ဘက်ခ်မြို့ မှ တကယ့်မိသားစုကို သုံးပြီး စမ်းသပ်မောင်းနှင်ခဲ့ပါတယ်။ လေးယောက်စီးနင်းလိုက်ပါနိုင်တဲ့ အိမ်သုံးကားဟာ ဈေးကွက်အတွက် အဆင်ပြေမယ့် အိမ်စီးကားဖြစ်ပါတယ်။ ဒီလို စမ်းသပ်စီးနင်းကြည့်တဲ့ အဓိကရည်ရွယ်ချက်ကတော့ အလိုအလျောက်မောင်းနှင်နိုင်တဲ့ နည်းပညာကို သာမန်ကားစီးကြသူများ ဘယ်လို ပါဝင်နိုင်တယ်ဆိုတာကို Volvo ကုမ္ပဏီ သိအောင်လို့ စမ်းစီးကြည့်တာပါ။

Volvo ဟာ ဂူတင်ဘက်ခ်မြို့ မှာ အလိုအလျောက်မောင်းကားများအစီးရေ ၁၀၀ နဲ့ အထက် ရောင်းချသွားဖို့ စီစဉ်နေပြီး ဂူတင်ဘက်ခ်မြို့ မှ ဟိန်းမိသားစုဟာ Volvo ရဲ့ ပုဂ္ဂလိကနဲ့ ပြည်သူပူးပေါင်းထားတဲ့ Drive Me ပရောဂျက်မှာ ပါဝင်ဆင်နွှဲခဲ့တာ ဖြစ်ပါတယ်။

 

ကနဦးက Drive Me သုတေသနအစီအစဉ်ကို ဆွီဒင်မှာပဲ လုပ်ဖို့ စီစဉ်ထားပေမယ့် အခုဆို တရုတ်နဲ့ ဗြိတိန်နိုင်ငံများအထိ တိုးချဲ့ လုပ်ဆောင်သွားမယ်လို့ ကုမ္ပဏီက ဆိုပါတယ်။ လာမယ့် ၂၀၂၁ ခုနှစ်ထဲမှာ ယခုလို အလိုအလျောက်မောင်းကားများကို ပထမဆုံးရောင်းသွားမှာဖြစ်ပြီး မော်တော်ကား အင်ဂျင်နီယာများ အသင်းရဲ့ စကေးဖြစ်တဲ့ Level 4 အဆင့်ရှိ ကားများ ဖြစ်တယ်လို့ သိရပါတယ်။ Level 4 စကေးရှိတဲ့ ကားတွေဟာ လူအကူအညီမလိုတော့ဘဲ သူ့ ဘာသာ မောင်းနှင်သွားနိုင်မှာပါ။

Volvo XC90s ကားဟာ Volvo ရဲ့ IntelliSafe Autiopilot feature ပါရှိပြီး hands-free mode နဲ့ မောင်းနှင်နိုင်မှာပါ။

Source: Engadget

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ