Company News: Yahoo အမည်ပျောက်ကွယ်ပြီး Altaba ဖြစ်လာမည်

Yahoo ရဲ့ အဓိက အင်တာနက်လုပ်ငန်းကို Verizon ဆက်သွယ်ရေးကုမ္ပဏီက ဝယ်ယူမှု အပြီးသတ်တော့မှာ ဖြစ်ပါတယ်။

play
Yahoo စီအီးအိုအဖြစ်မှ နုတ်ထွက်မည့် မာရီဆာမေယာ


အင်တာနက်ကုမ္ပဏီ Yahoo ကို Altaba အဖြစ် နာမည်သစ်ပြောင်းလဲသွားပြီး စီအီးအိုဖြစ်သူ မာရီဆာမေယာက ဒါရိုက်တာအဖွဲ့မှ နုတ်ထွက်မှာဖြစ်ကြောင်း သိရပါတယ်။ Yahoo ရဲ့ အဓိက အင်တာနက်လုပ်ငန်းကို Verizon ဆက်သွယ်ရေးကုမ္ပဏီက ဝယ်ယူရန်လုပ်ဆောင်နေမှု အပြီးသတ်ရန် နီးစပ်လာချိန်မှာ Yahoo က အခုလို ထုတ်ပြန်ကြေညာခဲ့တာ ဖြစ်ပါတယ်။

Yahoo အချက်အလက် ပေါက်ကြားမှု


ဒစ်ဂျစ်တယ်ကြော်ငြာစနစ်၊ အီးမေးလ်နဲ့ မီဒီယာပိုင်ဆိုင်ခွင့်များ အပါအဝင် Yahoo ရဲ့ အဓိကျကတဲ့ အင်တာနက်လုပ်ငန်းကို Verizon က အမေရိကန်ဒေါ်လာ ၄.၈၃ ဘီလီယံဖြင့် ဝယ်ယူသွားမှာ ဖြစ်ပါတယ်။ Yahoo ရဲ့ အချက်အလက်ပေါက်ကြားခဲ့မှု ၂ ခုကြောင့် ယခု အရောင်းအဝယ်ကိစ္စမှာ အပြောင်းအလဲရှိနိုင်ကြောင်းလည်း သတင်းထွက်နေပါတယ်။

play


Yahoo ဟာ ဆိုက်ဘာတိုက်ခိုက်ခံရပြီး အချက်အလက်ပေါက်ကြားမှု ၂ ခု ဖြစ်ခဲ့ရာ ပထမအကြိမ်မှာ Yahoo အသုံးပြုသူ သန်း ၅၀၀ နဲ့ ဒုတိယအကြိမ်မှာ အသုံးပြုသူ တစ်ဘီလီယံရဲ့ အချက်အလက်များ ပေါက်ကြားမှုဖြစ်ခဲ့ပါတယ်။ Yahoo အချက်အလက်များ ပေါက်ကြားမှုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးနေကြောင်း Verizon အမှုဆောင်အရာရှိတွေက ပြောပါတယ်။

play


အရောင်းအဝယ်ကိစ္စ အပြီးသတ်ရန် နီးစပ်လာပြီးနောက် Yahoo ရဲ့ ဒါရိုက်တာ ၅ ဦးလည်း နုတ်ထွက်မှာဖြစ်ကြောင်း တနင်္လာနေ့ (ဇန်နဝါရီ ၉  ရက်) မှာ Yahoo က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ ကျန်ရှိနေခဲ့မယ့် ဒါရိုက်တာအဖွဲ့က Altaba ကုမ္ပဏီကို စီမံခန့်ခွဲသွားမှာ ဖြစ်ပါတယ်။

play


Altaba ကုမ္ပဏီရဲ့ အဓိက ပိုင်ဆိုင်မှုများအဖြစ် တရုတ်လုပ်ငန်းစု Alibaba Group မှာ ၁၅ ရာခိုင်နှုန်းနဲ့ Yahoo Japan မှာ ၃၅.၅ ရာခိုင်နှုန်း ဖြစ်ကြောင်း သိရပါတယ်။ Yahoo ကနေ Altaba ဖြစ်သွားတဲ့ ကုမ္ပဏီရဲ့ဥက္ကဋ္ဌအဖြစ် အဲရစ်ဘရန့်ကို ခန့်အပ်ခဲ့ပြီး ယမန့်နေ့မှာ စတင်အကျုံးဝင်ခဲ့ပါတယ်။ Yahoo ကို ၁၉၉၄ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။
Source & Photo: Business Insider, Reuters

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ