ဒေတာကယ်ရီနာမည်နဲ့ Data Package သစ်တစ်ခုကို MPT မှ စတင်ဆောင်ရွက်လိုက်ပြီ ဖြစ်ပါတယ်။

play

 

ဒီအစီအစဉ်မှာ ကိုယ်ဝယ်ထားပြီး မသုံးဘဲ ကျန်နေသေးတဲ့ ဒေတာများကို ဒေတာကယ်ရီ package ဝယ်လိုက်တာနဲ့ လက်ကျန်ဒေတာတွေကို နောက်ထပ် Package ထဲမှာ ထည့်ပေါင်းပေးသွားမယ်လို့ ဆိုပါတယ်။ ဒေတာကယ်ရီ package သစ်ကို လက်ကျန် package သက်တမ်းကုန်ပြီး တစ်ပတ် (၇) ရက်အတွင်း ဝယ်ယူရမှာ ဖြစ်တယ်လို့ သိရပါတယ်။

 

ကိုယ်ဝယ်လိုတဲ့ ဒေတာပမာဏအလိုက် တစ်လစာ အင်တာနက်သုံးမယ်ဆိုရင် ဒေတာကယ်ရီ package ဝယ်ဖို့ *777# ကို ခေါ်ပြီး ဝယ်ယူရမှာ ဖြစ်ပါတယ်။ လစဉ်အင်တာနက်သုံးမယ့် ဒေတာကယ်ရီ ဈေးနှုန်းတွေအနေနဲ 350 MB ကို ၆၉၉ ကျပ် ၊ 650 MB ကို ၉၉၉ ကျပ် ၊ 2 GB ကို ၂၉၉၉ ကျပ် ၊ 3.5 GB ကို ၄၉၉၉ ကျပ် ၊ 7 GB ကို ၉၉၉၉ ကျပ် နဲ့ 15 GB ကို ၁၉၉၉၉ ကျပ် ကျသင့်မယ်လို့ သိရပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video