AD
AD
AD

Digital Marketing ပိုင်းဆိုင်ရာ သိကောင်းစရာများကို ဆွေးနွေးသွားမယ့် Digital Marketing Summit 2017 ပွဲကို လာမယ့် အောက်တိုဘာလ ၁ ရက်နေ့ Summit park View ဟိုတယ်မှာ ကျင်းပသွားမယ်လို့ ဆိုပါတယ်။

 

နေ့ လည် ၁ နာရီကနေ ညနေ ၅ နာရီအထိ ကျင်းပသွားမယ့် ဒီအခမ်းအနားမှာ ကုမ္ပဏီအသီးသီးမှ ဒါရိုက်တာများ ၊ Professional Digital Marketer များ ၊ Social Media Influencer များစတဲ့ ပြည်တွင်း ပြည်ပ ပညာရှင်များ ဝင်ရောက် ဆွေးနွေးသွားမယ်လို့ သိရပါတယ်။

“ပြည်တွင်းက စီးပွားရေး လုပ်ငန်းရှင်တွေ၊ CEO တွေ၊ Directors တွေ၊ Brand and Marketing Manager တွေအတွက် Digital Marketing က ဒီနေ့ခေတ်ကာလမှာ အလွန်အရေးကြီးတဲ့ အစိတ်အပိုင်းဖြစ်လာပါတယ်။ ဒီအတွက် Digital Marketing ရဲ့ လက်ရှိအလားအလာ၊ နောက်ဖြစ်လာနိုင်မယ့် အကြောင်းအရာတွေကို နားလည်ကျွမ်းကျင်သူများကနေ ဆွေးနွေးဖလှယ်ပြီး မြန်မာပြည်က Digital Marketer တွေ မိမိတို့လုပ်ငန်းအတွက် Digital Marketing ကိုအသုံးချပြီး အောင်မြင်မှုတွေ ပိုမိုရရှိအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီပွဲကို ပြုလုပ်တာဖြစ်ပါတယ် ” လို့ Digital Minds (Marketing Consultant Agency) ၏ Managing Director ဖြစ်သူ ကိုဟိန်းသက်ခင်ဇော်က ပြောပါတယ်။

play

 

ဒီပွဲဟာ ဝင်ကြေး ပေးစရာ မလိုတဲ့ အခမဲ့ အခမ်းအနားတစ်ခု ဖြစ်ပြီး လုပ်ငန်းရှင်တွေ ၊ စွန့်ဦးတီထွင်လူငယ်တွေ ၊ Brand Manager တွေ၊ Marketing Manager တွေ၊ Digital Marketing ကို သက်မွေးလမ်းကြောင်းအဖြစ် စတင်လုပ်ကိုင်မယ့် လူငယ်တွေ ကို ဦးစားပေးတက်ရောက်ခွင့်ပြုမယ်လို့ လည်း သိရပါတယ်။

Source: Internet Journal

Postby
ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD