AD
AD
AD

အစိုးရဌာနဆိုင်ရာများ ပိုမိုသိရှိနိုင်စေဖို့ရည်ရွယ်တဲ့ E-Government Conference & ICT Exhibition အခမ်းအနားကို နေပြည်တော်မှာ နိုဝင်ဘာ ၇ ရက်နေ့နဲ့ ၈ ရက်နေ့တွေမှာကျင်းပသွားမှာဖြစ်ပါတယ်။

play

 

ဒုတိယအကြိမ်အဖြစ်ကျင်းပတဲ့ အဲ့ဒီ conference ကိုဌာနဆိုင်ရာများအတွက် e-government နဲ့ပါတ်သတ်ပြီး နောက်ဆုံးပေါ်နည်းပညာတွေနဲ့ အခြေအနေတွေကို ပိုမိုသိရှိနိုင်စေဖို့နဲ့ ပြည်တွင်းနည်းပညာကုမ္ပဏီတွေစွမ်းဆောင်နိုင်မယ့် အခြေအနေတွေကို ဌာနဆိုင်ရာအကြီးအကဲတွေက ထုတ်ဖော်ပြသနိုင်တဲ့ အခွင့်အရေးတွေနဲ့ အစိုးရသစ်ရဲ့ ရည်မှန်းချက်ကို အကောင်အထည်ဖော်ရာမှာ နည်းပညာကဏ္ဍကို အလေးအနက် အသိအမှတ်ပြုစေရာရောက်အောင် ရည်ရွယ်တာလို့ သိရပါတယ်။

 

' ကျွန်တော်တို့ဒီနှစ်မှာတော့ အစိုးရ၀န်ထမ်းတွေနဲ့ ဌာနဆိုင်ရာကလူတွေပါလာလို့အဆင်ပြေစေမယ့် weekdays ရက်တွေနဲ့ရွေးချယ်ထားပါတယ်။ နောက်ပြီးသံရုံးတွေကော၊ ဌာနဆိုင်ရာတွေကိုကော ဖိတ်ကြားမှာဖြစ်သလိုစာတမ်းဖတ်ပွဲတွေပါ ထည့်သွင်းသွားမှာပါ ' လို့မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းရဲ့ ဥက္ကဌ ဦးသောင်းစုငြိမ်းက ပြောပါတယ်။

play

 

အခုပြုလုပ်မယ့် ပြပွဲမှာ နည်းပညာနဲ့ e-governmence နဲ့သက်ဆိုင်တဲ့ ပြခန်းပေါင်း ၇၀ ကျော်နဲ့ မိုဘိုင်း၊ hardware ၊system integrators အပါအ၀င် ICT နဲ့ပါတ်သတ်တာတွေပါပါဝင်သွားမယ်လို့ သိရပါတယ်။ ယခုကျင်းပမယ့်ပွဲမှာ အလုပ်ရုံဆွေးနွေးပွဲတွေ ၊ နည်းပညာစာတမ်းဖတ်ပွဲတွေနဲ့ နည်းပညာပြပွဲတွေပါ ပါဝင်သွားမှာဖြစ်ပြီး မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်၊ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းနဲ့ မြန်မာနိုင်ငံကွန်ပျူတာလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်းကျင်းပတာဖြစ်ပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD