AD
AD
AD

လာမယ့် နိုဝင်ဘာလ ၇ ရက်နဲ့ ၈ ရက်တွေမှာ e-Government ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲနဲ့ အိုင်စီတီပြပွဲ (e-Government Conference & ICT Exhibition) အခမ်းအနားတစ်ရပ်ကို နေပြည်တော် MICC II မှာ ကျင်းပသွားတော့မှာ ဖြစ်ပါတယ်။

 

ဒီအခမ်းအနားဟာ မြန်မာနိုင်ငံ ကွန်ပျူတာ ဖွံ့ ဖြိုးရေးကောင်စီရဲ့ ဦးဆောင်မှု ၊ ပို့ ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနရဲ့ ထောက်ပံမှုနဲ့ အတူ မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ်နဲ့ ကွန်ပျူတာ အသင်းတွေက ကျင်းပသွားမှာပါ။

ဒီပွဲမှာ ကျန်းမာရေးကဏ္ဍ၊ ပညာရေးကဏ္ဍ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ကဏ္ဍ၊ ဝန်ဆောင်မှုလုပ်ငန်းများ၊ လုပ်ငန်းသုံး စနစ်များ၊ အစိုးရနဲ့ အများပြည်သူသုံးစနစ်များ စတာတွေကို ခင်းကျင်းပြသထားမယ်လို့သိရပါတယ်။ ဒါ့အပြင် နောက်ဆုံးပေါ် နည်းစနစ်တွေရဲ့ လုပ်ဆောင်နိုင်မှုကိုလည်း ရှင်းလင်းပြသသွားမယ်လို့ ဆိုပါတယ်။

play
2016 ခုနှစ် ကျင်းပခဲ့တဲ့ eGovernment Conference and ICT Exhibition

 

တစ်ပြိုင်တည်းမှာပဲ Data Science, Cloud & Mobility, Smart City, Cyber Security, Unicode and Myanmar Language, Procuring IT for Government, Open Government & Open Data, Skill Standards for e-Government စတဲ့ ခေါင်းစဉ်တွေနဲ့ ဆွေးနွေးပွဲကိုလည်း ထည့်သွင်းကျင်းပသွားမယ်လို့ သိရပါတယ်။

ှSource: Internet Journal

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD