မြန်မာ့ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနအနေနဲ့ -GSM Band လှိုင်းနှုန်းစဉ် သတ်မှတ်ချထားမယ့် အစီအစဉ် ကိုဆောင်ရွက်လျက်ရှိပြီး သဘောထားမှတ်ချက်ပေးနိုင်တယ်လို့ သိရပါတယ်။

 

ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနဟာ E-GSM Band (882.5 MHz-890 MHz (Uplink) နဲ့ 927.5MHz-935 MHz (Downlink) ကို မိုဘိုင်းအော်ပရေတာတွေကို သတ်မှတ်ချထားပေးရေးအတွက် ဆောင်ရွက်ပေးနေတာဖြစ်ပါတယ်။ ယင်း E-GSM Band လှိုင်းနှုန်းစဉ်သတ်မှတ်ချထားပေးတဲ့အစီအစဉ်အပေါ် စိတ်ပါဝင်စားတဲ့ အများပြည်သူတွေနဲ့ အဖွဲ့အစည်းတွေ ပါဝင်အကြံပြုနိုင်ဖို့ အခုလို ဖိတ်ခေါ်ထားတာဖြစ်ပါတယ်။

play

 

သဘောထားမှတ်ချက်ပေးနိုင်မယ့်ဖိုင်ကို ပို့ဆောင်ရေးနဲ့ဆက်သွယ်ရေးဝန်ကြီးဌာန ရဲ့ဝက်ဘ်ဆိုက်မှာ ဒေါင်းလုပ်ဆွဲ ဖတ်ကြည့်ပြီးသဘောထားမှတ်ချက်ကို ptdspectrum@ptd.gov.mm ကိုပေးပို့နိုင်တယ်လို့ ဆို ပါတယ်။ လာမယ့် အောက်တိုဘာ ၁၃ ရက် ညနေ ၅ နာရီ နောက်ဆုံးထားပေးပို့နိုင်မှာ ဖြစ်ပါတယ်။

Source: Internet Journal

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video