Gadget: Android TV များတွင် ဆက်တိုက် အပြန်အလှန်စကားပြောနိုင်သည့် Google Assistant

OK Google လို့ ပြောလိုက်တာနဲ့ နောက်ထပ် အကြောင်းအရာတစ်ခုကို ပြောလို့ ရမှာပါ။

play

 

Android TVs တွေမှာ Google Now နှင့် Assistant တို့ ကို သုံးပြီး လူကနေ တိုက်ရိုက်အမိန့် ပေးလို့ ရတဲ့ mode တစ်ခု ပါရှိလာပါပြီ။ ကိုယ့်ဘက်ကနေ အကြောင်းအရာတစ်ခုခု စကားစပြီး ပြောလိုက်တာနဲ့ဒီအကြောင်းအရာကိုအပြန်အလှန်စကားပြောနိုင်မှာပါ။ နောက်ထပ်အကြောင်းအရာသစ်တစ်ခုကို မမေးခင်အထိ Google Now နဲ့ Assistant က စကားပြောနေမှာပါ။ အမိန့် သစ်တစ်ခု ထပ်ပေးမယ်ဆိုရင် OK Google လို့ပြောပေးရုံပါပဲ။

Android TV 6.0 Marshmallow နှင့် အထက် တီဗွီနဲ့ set-top boxes တွေကို ကြည့်လို့ ရတဲ့ Android TV ပေါ်က Google Assistant မှာ အခုလို ဆက်တိုက်စကားပြောနိုင်တဲ့ mode ပါရှိပါတယ်။ ဒီတော့ ကိုယ်ကနေ စကားပြောချင်ပြီဆိုတာနဲ့ မေးခွန်းလေးတစ်ခု စမေးပြီး အပြန်အလှန်စကားပြောလို့ ရမှာ ဖြစ်ပါတယ်။

အောက်မှာ ပြထားတဲ့ သရုပ်ပြဗွီဒီယိုထဲမှာဆို NVIDIA Shield ဒုတိယမျိုးဆက်မှာ ပါတဲ့ feature ကို ဖော်ပြထားပါတယ်။

 

ဒီနမူနာဗွီဒီယိုမှာ  Netflix ကို ဖွင့်ပြီး search queries တွေကနေ အပြန်အလှန်စကားအလျင်မပြတ် ပြောနေစဉ်မှာ OK Google လို့ တစ်ခါပဲ ပြောထားတာကို တွေ့ ရမှာပါ။ မကြာခင်မှာတော့ ဒီ Assistant ကို Google Home နဲ့ Pixel တို့ မှာ တွေ့ မြင်ရဖို့ ရှိပါတယ်။

 

Source; Android Police

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ