Gadget: ခရစ်စမတ်အတွက် အကောင်းဆုံးဈေးနှုန်းနဲ့ ထွက်လာသည့် Apple Watch

ဒေါ်လာ ၇၀ အထိ လက်လီဈေးနဲ့ ဈေးလျှော့ရောင်းထားပါတယ်။

play

 

အက်ပ်ပဲလ်ဟာ မကြာသေးခင်က အွန်လိုင်းစတိုးက တစ်ဆင့် ပြန်သ ထားသည့် Apple Watch များကို စတင်ရောင်းချလိုက်ပါတယ်။ ယခုလို ပြန်သထားသည့် စမတ်နာရီများကို ဝယ်တာဟာ နင့်နေအောင် ဈေးကြီးသည့် အဖိုးတန်ပစ္စည်းများကို ကိုင်ခွင့်ရဖို အတွက် အခွင့်ကောင်းတစ်ရပ်ဖြစ်ပါတယ်။ ဒါပေမဲ့လည်း တစ်ချို့ လက်လီအရောင်းဆိုင်တွေဟာ ပြန်သထားသည့် အက်ပ်ပဲလ်များကို ရောင်းချတာထက် တံဆိပ်သစ်နဲ့ ထွက်တဲ့ Apple Watch ကိုပဲ ပိုကောင်းတဲ့ ဈေးနှုန်းအသစ်နဲ့ ရောင်းချပေးပါတယ်။

တစ်ခုရှိတာက ဝယ်လိုအားမြင့်တဲ့ Apple Watch Series 2 မှာတော့ သင့်တော်ကောင်းမွန်တဲ့ နှုန်းထားနဲ့ ဝယ်လို့ မရတော့ပါဘူး။ Series 1 Apple Watch မှာဆို ကောင်းမွန်တဲ့ဈေးနှုန်းနဲ့  ဝယ်လို့ ရနိုင်ပါတယ်။ ကိုယ့်အနေနဲ့ processor နှေးတာကို သိပ်ဂရုမစိုက်ဘူးဆိုရင် Apple Watch ရဲ့ ပထမ မျိုးဆက်ကိုတောင် ဝယ်နိုင်ပါတယ်။ Apple Watch Series 1 ကို ဒေါ်လာ ၇၀ အထိ လက်လီဈေးနဲ့ ဈေးလျှော့ရောင်းထားပါတယ်။ ဒစ်စကောင့်ကိုတော့ ဒီနေ့ ကနေ နှစ်ရက် ဒီဇင်ဘာ ၂၆ ရက်နေ့ အထိပဲ ပေးထားတာဖြစ်လို့ ဒီဈေးနှုန်းနဲ့ အမြန်ဆုံး ဝယ်ယူသင့်ပါတယ်။

Apple Watch ရဲ့ ပထမမျိုးဆက်ကိုတော့ Best Buy မှ ဒေါ်လာ ၅၀၀ ဒစ်စကောင့်ချထားပါတယ်။ မူလ Apple Watch ဟာ processor ပိုင်းမှာ နှေးကွေးတဲ့ single core S1 chip နဲ့ မောင်းနှင်ထားတာဖြစ်လို့ ဒီ လတ်ပတ်နာရီရဲ့ performance ဟာ third party apps များ run နေစဉ်မှာဆို သိပ်အမြန်ကြီး မဟုတ်ပါဘူး ။

Source : Tech Crunch

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ