Gadget: မြန်မာငွေ ၃ သိန်းကျော်တန် ရေစိုခံ Kindle တက်ဘလက်သစ်တစ်မျိုး Amazon မိတ်ဆက်

ရေအနက် ၂ မီတာ (၆ပေကျော်)ကို မိနစ် ၆၀ အထိ ရေစိမ်ခံနိုင်တယ်လို့ ဆိုပါတယ်။

Kindle စာဖတ်တက်ဘလက်တွေကို ရောင်းချလာတာ ဆယ်နှစ်ပြည့်ချိန်မှာတော့ Amazon ဟာ ရေစိုခံနိုင်တဲ့ တက်ဘလက်သစ်တစ်မျိုးကို ဈေးကွက်မှာ ပထမဆုံးအကြိမ် မိတ်ဆက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

play

 

ဒီဇိုင်းပိုင်းမှာ နာမည်ကျော် Kindle ရဲ့ ဟန်အတိုင်း ထွက်လာပြီး ရေစိုဒဏ်ကို IPX8 rating အထိ ခံနိုင်ရည်ရှိတဲ့ ဒီတက်ဘလက်ကို Kindle Oasis လို နာမည်ပေးထားပါတယ်။ နာမည်ကလည်း အရင်နှစ်က ထွက်ခဲ့တဲ့ ပရီမီယံဗားရှင်း Kindle ရဲ့ နာမည်ပဲ ဖြစ်ပါတယ်။ မတူတာကတော့ အရင်နှစ် Kindle Oasis ဟာ မျက်နှာပြင် ဆိုဒ် ၆ လက်မရှိရာကနေ ယခုရေစိုခံဗားရှင်းမှာတော့ ၇ လက်မရှိလာပြီ ဖြစ်သလို touch ပိုင်းမှာ မြန်ဆန်သွက်လက်မှုပိုင်းမှာလည်း ပိုကောင်းလာပါတယ်။

 

၂၀၁၆ ဗားရှင်း Kindle Oasisမှာ ဘက်ထရီသက်တမ်းခံနိုင်ဖို့ ဆိုပြီး ကိုယ်ထည်သီးခြားစီ တစ်ခု ထပ်ထုတ်ထားပေမယ့် ယခုဗားရှင်းမှာတော့ ဘက်ထရီက build-in ပါလာပါတယ်။ ရုပ်ထွက်အနေနဲ့ 300ppi ပါရှိပြီး စာဖတ်ရာမှာ တောက်ပကြည်လင်နေစေဖို့ LED မီးလုံးတွေ ထပ်ပြီး ထည့်ထားတယ်လို့ ဆိုပါတယ်။ ဒီတော့ ကိုယ့်ရောက်နေတာ နေရာရဲ့ အလင်းရောင်နဲ့ ချိန်ပြီး မျက်စိနဲ့ လိုက်ဖက်တဲ့ အလင်း sensor တွေကြောင့် စာဖတ်ရတာ အတော်လေး လန်းမှာ ဖြစ်ပါတယ်။

 

Kindle Oasis ဟာ IPX8 rating ရေစိုခံတာကြောင့် ရေအနက် ၂ မီတာ (၆ပေကျော်)ကို မိနစ် ၆၀ အထိ ရေစိမ်ခံနိုင်တယ်လို့ ဆိုပါတယ်။ တစ်ခုရှိတာက အားသွင်းတဲ့ USB port ပေါက်ကနေ ရေဝင်နိုင်မလားဆိုတာကလည်း စဉ်းစားစရာဖြစ်ပါတယ်။ နောက်ထပ်စိတ်ဝင်စားစရာကောင်းတာက Kindle Oasis သစ်မှာ buid-in Audible app ပါလာလို့ audio book တွေကို နားကြပ်နဲ့  နားထောင်ရတာ အတော်လေး အဆင်ပြေလာတော့မှာပါ။

play

 

Kindle Oasis သစ်ကို အောက်တိုဘာလကုန် ၃၁ ရက်နေ့ မှာ ဝယ်ယူနိုင်မှာ ဖြစ်ပြီး storage 8GB မော်ဒယ်ကို ဒေါ်လာ ၂၅၀ (မြန်မာငွေ ၃ သိန်း ၃ သောင်းကျော်) ဈေးနဲ့ ရောင်းချသွားမှာ ဖြစ်ပြီး 32GB မော်ဒယ်ကိုတော့ ဒေါ်လာ ၂၈၀ (မြန်မာငွေ ၃ သိန်း ၈ သောင်း ဝန်းကျင်) ဈေးတွေနဲ့ ရောင်းချသွားမှာ ဖြစ်ပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ