Gadget: မြန်မာငွေ ၂ သိန်းခွဲကျော်တန် Oculus Go VR Headset ကို ဈေးကွက်မှာ စတင်မိတ်ဆက်

လာမယ့်နှစ်ဆန်းပိုင်းမှာ ဈေးကွက်ထဲ ရောက်လာတော့မယ့် ထုတ်ကုန်လည်း ဖြစ်ပါတယ်။

စမတ်ဖုန်းနဲ့ ချိတ်ဆက်စရာမလိုတဲ့ Oculus ရဲ့ ပထမဆုံး standalone VR headset Oculus GO ကို မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။

play

 

င်္Facebook ပိုင် နည်းပညာကုမ္ပဏီတစ်ခု ဖြစ်တဲ့ Oculus ရဲ့ Oculus Connect 4 developer conference ပွဲမှာ ကြေငြာခဲ့တဲ့ ဒီ VR Headset ဟာ VR ပုံရိပ်ယောင်မြင်ကွင်းတုစနစ်ကို လွတ်လွတ်လပ်လပ် ခံစားနိုင်ဖို့ ဒီဇိုင်းထုတ်ထားတဲ့ ထုတ်ကုန်သစ်ဖြစ်ပြီး လာမယ့်နှစ်ဆန်းပိုင်းမှာ ဈေးကွက်ထဲ ရောက်လာတော့မယ့် ထုတ်ကုန်လည်း ဖြစ်ပါတယ်။

 

Oculus Go ဟာ ရုပ်သံပိုင်းဆိုင်ရာ ရှင်းလင်းပြတ်သားစေပြီး အသုံးပြုရ လွယ်ကူအောင် ထုတ်လုပ်ထားတာ ဖြစ်တာကြောင့် VR headset ပိုင်းမှာ အထင်ကြီးစရာဖြစ်လာပါတယ်။ Oculus Go မှာ အမြင်အာရုံပိုင်းဆိုင်ရာ ကြည်လင်ပြတ်သားမှု မြင့်မားတဲ့ ရုပ်ထွက်မြင့် fast-switch LCD screen ကို သုံထားတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် မျိုးဆက်သစ် lenses တွေ ပါရှိတာကြောင့်လည်း မြင်ကွင်းကျယ် view တွေကို တောက်ပကြည်လင်မှု အပြည့်ပေးသွားမှာ ဖြစ်ပါတယ်။

 

အသံစနစ်ကတော့ spatial audio နည်းပညာဖြစ်ပြီး headset မှာ တစ်ခါတည်း တပ်ဆင်ထားတာဖြစ်ပါတယ်။ သီးသန့် နားထောင်ချင်တယ်ဆိုရင်လည်း 3.5mm နားကြပ်ပေါက်တစ်ခု ပါရှိပြီး အဲဒီကနေ နားထောင်လို့ ရမှာပါ။ Oculus GO ကို လာမယ့် ၂၀၁၈ နှစ်ဆန်းပိုင်းမှာ ဈေးကွက်တင် ရောင်းချသွားမှာ ဖြစ်ပြီး ဈေးနှုန်း အနေနဲ့ ၁၉၉ ဒေါ်လာ (မြန်မာငွေ ၂ သိန်းခွဲကျော်) ပဲ ကျသင့်မှာ ဖြစ်လို့ ဒေါ်လာ ၈၀၀ တန် HTC Vive ထက် အများကြီး ဈေးသက်သာတဲ့ ထုတ်ကုန်လည်း ဖြစ်ပါတယ်။

play

 

ရုပ်ရှင်ကြည့်ရင်း ၊ ဂီတပွဲတော်တွေကို ခံစားနားဆင်ရင်း ၊ ဂိမ်းဆော့ရင်းနဲ့  VR ပိုင်းဆိုင်ရာ အတွေ့ အကြုံသစ်တွေကို အဆန်းတကြယ် ရှုမြင်ခံစားနိုင်စေဖို့ တီထွင်ထားတဲ့ ဒီထုတ်ကုန်ဟာ ပေါ့ပါးသလောက် မျက်နှာနဲ့ ထိတွေ့ မယ့်အပိုင်းကို နူးညံ့ပျော့ပြောင်းပြီး သက်တောင့်သက်သာ ဖြစ်စေမယ့် ချည်တွေ သုံးထားတာကြောင့် အသုံးပြုရတာ အဆင်ပြေစေမယ်လို့ လည်း သိရပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ