Gadget: ကမ္ဘာ့ပထမဆုံး တစ်လုံးထဲနှင့် မှန်ပြင်သုံးခုပါသည့် Razer ဂိမ်းလက်ပ်တော့ကို ပြသ

မှန်ပြင် သုံးခုပါ ကမ္ဘာ့ပထမဆုံး ဂိမ်းလက်ပ်တော့တစ်လုံး ဖြစ်ပါတယ်။

 

play

 

ကမ္ဘာမှာ ပထမဆုံးမျက်နှာပြင်သုံးခုပါတဲ့ လက်ပ်တော့တစ်လုံးကို လာ့စ်ဗီးဂတ်စ်မှာ ကျင်းပတဲ့ နည်းပညာထုတ်ကုန်ပြပွဲမှာ Razer ဂိမ်းကုမ္ပဏီမှ တင်ဆက်ပြသခဲ့ပါတယ်။

Project Valerie လို့ ခေါ်တဲ့ ဒီလက်ပ်တော့မှာ ပင်မအလယ်ခေါင်မှန်ပြင်ကနေ အပိုမှန်ပြင်နှစ်ချပ်ကို ဘေးတစ်ဖက်တစ်ချက် အလိုအလျာက် ဆွဲထုတ်လို့ ရအောင် ပြုလုပ်ထားပါတယ်။

 

ရုပ်ထွက် resolution အနေနဲ့ 4K အဆင့်ရှိတဲ့ ဒီမှန်သားပြင်သုံးခုစလုံးဟာ မျက်နှာပြင် ၁၇ လက်မ ရှိပါတယ်။

ခေါက်ပြီး ပိတ်လိုက်ရင် ဒီလက်ပ်တော့ဟာ ၁လက်မခွဲပဲ ထူပါတယ်။ ဒီစက်ဟာ တစ်ခြား စံချိန်မီဂိမ်းလက်ပ်တော့တွေနဲ့ ယှဉ်လို့ ရတယ်လို့ Razer ဂိမ်းကုမ္ပဏီက ဆိုပါတယ်။

ဒီလက်ပ်တော့ရဲ့ ဈေးနှုန်းနဲ့ ထွက်ရှိမယ့်ရက်ကိုတော့ မသိရသေးပါဘူး။ ယခုနည်းပညာထုတ်ကုန်ပြပွဲမှာပဲ ကွန်ပျူတာကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Acer ဟာ ၈၉၉၉ ဒေါ်လာ (၇၂၅၀ ပေါင်) တန် ၂၁ လက်မမော်ဒယ် Predator 21X ကို ပြသခဲ့ပါတယ်။ Samsung ကလည်း သူ့ ရဲ့ ပထမဆုံး ဂိမ်းလက်ပ်တော့ဖြစ်သည့် ၁၇ လက်မ နှင့် ၁၅ လက်မမော်ဒယ် Samsung Notebook Odyssey ကို ဖြန့် ချိခဲ့ပါတယ်။

 

 

Source: Technology

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ