AD
AD
AD

Samsung Myanmar မှ နောက်ဆုံးထွက် Galaxy Note 8 စမတ်ဖုန်းမိတ်ဆက်ပွဲကို နိုဗိုတယ်ဟိုတယ်မှာ ဒီနေ့ နေ့ လည်ခင်း ၁ နာရီကနေ ၃ နာရီအထိ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီပွဲမှာ Samsung Galaxy Note 8 အတွက် pre-order များကို စတင်လက်ခံခဲ့ပြီး သတ်မှတ်ရက်အတွင်း pre-order မှာသူများကို ကျပ် ၁ သိန်းခွဲတန် လက်ဆောင်ပစ္စည်းများအပြင် အင်တာနက် ဒေတာလက်ဆောင်အစီအစဉ်များပါ ထည့်သွင်း ပေးအပ်သွားမယ်လို့ ဆိုပါတယ်။

play

 

စက်တင်ဘာလ ၁၈ ရက်ကနေ ၂၇ ရက်နေ့ အထိ Galaxy Note 8 ကို ရန်ကုန် ၊ မန္တလေးအပါအဝင် မြို့ ပေါင်း ၃၆ မြို့ မှ နီးစပ်ရာ Samsung Show Rooms များမှာ ကြိုတင်အော်ဒါမှာယူနိုင်မှာ ဖြစ်ပါတယ်။ အော်ဒါမှာယူလိုသူများအနေနဲ့ စရန်ငွေ ၅၀၀၀၀ (ငါးသောင်း) ပေးသွင်းပြီး အော်ဒါမှာယူနိုင်မယ်လို့ သိရပါတယ်။ ပစ္စည်းကိုတော့ စက်တင်ဘာလ ၃၀ ရက်နဲ့ အောက်တိုဘာလ ၁ ရက်နေ့ များမှာ သွားရောက် ထုတ်ယူနိုင်မှာ ဖြစ်ပါတယ်။

 

Galaxy Note 8 မိတ်ဆက်ခြင်း အထိမ်းအမှတ်အနေနဲ့ Samsung Myanmar  ဟာ Telenor Myanmar နဲ့ ပူးပေါင်းပြီး Galaxy Note 8 ဝယ်ယူသူများအတွက် လစဉ် ဖုန်းဘေလ် ၁၀၀၀၀ ဖြည့်ရုံနဲ့ data ပမာဏ 5GB ခြောက်လဆက်တိုက် ရရှိမယ့် အစီအစဉ်တစ်ခုလည်း ထည့်သွင်းထားပါတယ်။ တစ်ခြားလက်ဆောင်များအနေနဲ့ ကျပ် ၁ သိန်းခွဲ တန်ဖိုးရှိ ဖုန်းနဲ့ ဆက်စပ်လက်ဆောင်ပစ္စည်းများလည်း ပေးသွားမှာ ဖြစ်ပါတယ်။ Galaxy Note 8 နဲ့ အတူ အထူးအားမခံ Premium card ပါရှိမှာ ဖြစ်လို့ အကြောင့်အမျိုးမျိုးကြောင့် ဖုန်း ရှေ့ နောက် မှန်ကွဲခြင်းအတွက် ပစ္စည်းနဲ့ လက်ခံ တစ်ကြိမ် အခမဲ့ဝန်ဆောင်မှုပေးသွားမယ်လို့ ဆိုပါတယ်။

play

 

တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ Galaxy Note 8 ကို လာမယ့် အောက်တိုဘာလ ၆ ရက်နေ့ ကစပြီး ဝယ်ယူနိုင်မှာ ဖြစ်ပြီး Midnight Black ၊ Maple Gold နဲ့ Orchid Gray အရောင် ၃ မျိုးနဲ့ ရွေးချယ်ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ ဈေးကွက်ထဲမှာတော့ RAM 6GB/storage 64GB ဗားရှင်းပါ Galaxy Note 8 တစ်လုံးကို မြန်မာငွေ ၁၂၇၀၀၀၀ ကျပ်နဲ့ ရောင်းချသွားမယ်လို့ သိရပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD