Ooredoo Myanmar ဟာ မိုဘိုင်းငွေကြေးဝန်ဆောင်မှုလုပ်ငန်းတစ်ခု ဖြစ်တဲ့ M-ပိုက်ဆံကွန်ရက် လည်ပတ်နိုင်ဖို့ မြန်မာငွေ ကျပ် သန်း ၃၀၀ ရင်းနှီးမြှပ်နှံထားတယ်လို့  ဝန်ဆောင်မှုဌာနအကြီးအကဲဖြစ်သူ Mr.Jacques က ဆိုပါတယ်။

play

 

ဗဟိုဘဏ်မှာ Ooredoo Myanmar Fintech လီမိတက်နာမည်နဲ့ မိုဘိုင်းငွေကြေး ဝန်ဆောင်မှု အတွက် မှတ်ပုံတင်ခွင့်ပြုချက်ရပြီးနောက် Ooredoo ဟာ M-ပိုက်ဆံဝန်ဆောင်မှုကို စက်တင်ဘာလ ၁၉ ရက်နေ့မှာ စတင်မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။ ဒီဝန်ဆောင်မှုဟာ ဖုန်းအချင်းချင်း ချိတ်ဆက်ကာ ငွေလွှဲခြင်း ၊ ငွေလက်ခံခြင်း ၊ ဖုန်းဘေလ်ဖြည့်ခြင်း အပြင် M-ပိုက်ဆံကိုယ်စားလှယ်ဆီမှာ ငွေသား ထုတ်ခြင်းများအထိ လုပ်ဆောင်နိုင်တဲ့ ဝန်ဆောင်မှုတစ်ခုလည်း ဖြစ်ပါတယ်။

Ooredoo ဟာ M-ပိုက်ဆံကွန်ရက်လည်ပတ်ဖို့ CB Bank နဲ့ အကျိုးတူ ပူးပေါင်းခဲ့ပေမယ့် ဘဏ်လုပ်ငန်းရဲ့ ရင်းနှီးမတည်ငွေ မပါဝင်ခဲ့ဘူးလို့ လညိး ဆိုပါတယ်။ ဘဏ်အနေနဲ့ M-ပိုက်ဆံဝန်ဆောင်မှုလုပ်ငန်း လည်ပတ်ဖို့ ငွေကြေးအရ ဆောင်ရွက်ထားခြင်းသာ ဖြစ်တယ်လို့ လည်း Mr.Jacques က ဆိုပါတယ်။

 

ပြိုင်ဆိုင်မှု ပြင်းထန်လာတဲ့ မိုဘိုင်းအခြေပြုငွေကြေး လွှဲပြောင်းခြင်းဝန်ဆောင်မှုလုပ်ငန်းအောင်မြင်ဖို့ အတွက် အဓိကအချက်အနေနဲ့ အေးဂျင့်များတွင် ငွေသားလက်ဝယ်ရှိထားရမှာ ဖြစ်ပြီး ငွေသားလုံလောက်စွာ ရှိနေမှသာ အသုံးပြုသူများပြားလာမယ်လို့ လည်း Mr.Jacques က ပြောပါတယ်။ လက်ရှိမှ ရန်ကုန် ၊ နေပြည်တော် ၊ မန္တလေး ၊ ပဲခူးနဲ့ တောင်ကြီးတို့ မှာ ရှိတဲ့ Ooredoo M-ပိုက်ဆံ ကိုယ်စားလှယ်ပေါင်း ၂၄၀၀ အထိ ရှိနေပြီ ဖြစ်သလို မကြာခင်မှာ ကျေးလက်နဲ့ မြန်မာပြည်အနှံ့ မှာ ကိုယ်စားလှယ်ပေါင်း ၇၅၀၀ အထိ ထပ်တိုးသွားမယ်လို့ သိရပါတယ်။

Source: 7Day Daily News

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video