အားသွင်းစရာမလို ၊ ဘက်ထရီလည်း မလိုဘဲ လူ့ ကိုယ်ခန္ဓာရဲ့ အပူကို စွမ်းအင်အဖြစ် သုံးနိုင်တဲ့ PowerWatch X နာမည်နဲ့ စမတ်နာရီသစ်တစ်မျိုးကို CES2018 ပွဲမှာ ကြေငြာသွားပါတယ်။ ဒါဟာ စမတ်လက်ပတ်ထုတ်ကုန်လောကအတွက် စိတ်လှုပ်ရှားစရာ ရှေ့ ပြေးမော်ဒယ်လည်း ဖြစ်ပါတယ်။

 

လူ့ ကိုယ်ခန္ဓာအပူနဲ့ အားသွင်းနိုင်တဲ့ နာရီဖြစ်လို့ နာရီကို လက်က ချွတ်ထားမယ်ဆိုရင် sleep mode ကို အလိုအလျောက် ဝင်သွားအောင် ဒီဇိုင်းထုတ်ထားတာကလည်း ထူးဆန်းနေပါတယ်။ PowerWatch X နဲ့ ပတ်သတ်ပြီး နောက်ထပ် စိတ်ဝင်စားဖို့ ကောင်းတာတစ်ခုက ဒီအတိုင်း လက်က ချွတ်ထားပြီး ၂ နှစ်လောက် ထားထားလည်း ဘာပြဿနာမှ မရှိဘဲ အလုပ်လုပ်နိုင်တာပါ။ ဒီတော့ ဘက်ထရီအားမနေမှာတော့ ပူစရာမလိုတော့ပါဘူး။ နာရီကို လက်ကချွတ်ထားတဲ့ အချိန်ထိ နာရီရဲ့ memory ထဲ ထည့်ထားသမျှ ဒေတာတွေကိုလည်း သိမ်းထားမှာ ဖြစ်လို့ ဒေတာ ဆုံးရှုံးဖို့ လည်းမရှိပါဘူ။ ဒီနာရီဟာ Android ၊ iOS မရွေး ဘယ်ဖုန်းနဲ့ မဆို ချိတ်ဆက်နိုင်တဲ့ စမတ်နာရီလည်း ဖြစ်ပါတယ်။

PowerWatch X မှာ ပြောစရာတစ်ခုက ဒီဇိုင်းပိုင်းမှာ ဈေးကွက်ထဲက တစ်ချို့ နာမည်ကြီး စမတ်နာရီတွေလောက် မလန်းတာပါပဲ။ ကောင်းတာတစ်ခုက ရေစိမ်ခံတဲ့ နေရာမှာ မီတာ ၂၀၀ အထိတောင် ရေစိမ်ထားလို့ ရတဲ့ နာရီ ဖြစ်လို့ အတော်လေး မိုက်တယ်လို့ ပြောနိုင်ပါတယ်။ နာရီမှာ ပါဝါဘယ်လောက် ကျန်တယ် ၊ လေ့ကျင့်ခန်းလုပ်ရင်း ကယ်လိုရီ ဘယ်လောက် ကျသွားတယ် စတဲ့ noti တွေကလည်း စုံပါတယ်။ ဒီနာရီရဲ့ အရင် ၂၀၁၆ တုန်းက ထွက်ခဲ့တဲ့ PowerWatch မှာကတည်းက လူ့ ကိုယ်ကနေ အားသွင်းနိုင်တဲ့ ဒီဇိုင်းထုတ်ခဲ့ပေမယ့် ဒီနာရီလောက်တော့ function မစုံခဲ့ပါဘူး။

play

 

အကြမ်းခံ sport ဒီဇိုင်းနဲ့ ထွက်လာတဲ့ PowerWatch X ကို ဒီလကုန်ပိုင်းမှာ ဝယ်နိုင်မှာ ဖြစ်ပြီး ဈေးနှုန်းကတော့ ဒေါ်လာ ၂၅၀ (မြန်မာငွေ ၃ သိန်း ၄ သောင်းခန့် ) လို့ ဆိုပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video