AD
AD
AD

နိုင်ငံတကာ အချက်အလက် ကော်ပိုရေးရှင်း IDC ရဲ့ အချက်အလက်ဇယားအရ တရုတ်စမတ်ဖုန်းဈေးကွက်ဟာ ပြီးခဲ့တဲ့နှစ်အတွင်းမှာ အကျဘက်ကို ဦးလှည့်သွားခဲ့တယ်လို့ ဆိုပါတယ်။

play

 

IDC ရဲ့ ဈေးကွက်စစ်တမ်းမှာတော့ ၂၀၁၇ နောက်ဆုံးသုံးလပတ် တရုတ်စမတ်ဖုန်းဈေးကွက်ဟာ ၁၅.၇% အထိ ကျဆင်းသွားခဲ့ပြီး တစ်နှစ်လုံးအတိုင်းအတာအရ ၄.၉% ထိ ကျဆင်းခဲ့တာလည်း ဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ် တရုတ်စမတ်ဖုန်းဈေးကွက်ကို ဦးဆောင်နေတာကတော့ Huawei ဖြစ်ပြီး တစ်နှစ်လုံး စမတ်ဖုန်း အလုံးရေ ၉၀.၉ သန်း ရောင်းချနိုင်ခဲ့ပြီး ဈေးကွက်ဝေစုရဲ့ ၂၀.၄% ကို သိမ်းပိုက်နိုင်ခဲ့တာပါ။ Oppo ကတော့ ဈေးကွက်ဝေစု ၁၇.၅% ၊ Vivo နဲ့ Xiaomi တို့ ကတော့ ၁၆.၅% နဲ့ ၁၃.၉% စီ ရရှိထားပြီး Apple ကတော့ ပဉ္စမနေရာမှာ ရောက်နေပါတယ်။

play

 

ယခုနှစ် တရုတ်စမတ်ဖုန်းလောကမှာ အပြောင်းအလဲတစ်ခုကတော့ Xiaomi ဟာ ဈေးကွက်တွင်း စမတ်ဖုန်းရောင်းအား ၅၆% ကျော် တက်သွားတာပါ။ Huawei နဲ့ Xiaomi တို့ ကလွဲရင် ကျန် စမတ်ဖုန်းကုမ္ပဏီတွေဟာ တရုတ်ဈေးကွက်မှာ အလဲလဲ ပြိုလဲခဲ့တာတွေ့ ခဲ့ရပါတယ်။ Xiaomi နဲ့ Huawei တို့ ရောင်းအားတက်ရတဲ့ အဖြစ်ကလည်း ၂၀၁၇ နှစ်ထဲမှာ ဒီကုမ္ပဏီတွေဟာ တန်ဖိုးနည်းပါတယ်ဆိုတဲ့ ဒေါ်လာ ၂၀၀ နဲ့ အောက် ဘက်ဂျက်ဖုန်းတွေ ဆက်တိုက် ထုတ်နိုင်ခဲ့တာကြောင့် ဖြစ်ပါတယ်။ တန်ဖိုးကြီး ပရီမီယံဖုန်းတွေကတော့ တရုတ်မှာ အခြေအနေ မကောင်းခဲ့ပါဘူး။

play

 

တောင်ကိုရီးယား ကုမ္ပဏီကြီးတစ်ခု ဖြစ်ပြီး ကမ္ဘာ့အကြီးဆုံး စမတ်ဖုန်းကုမ္ပဏီ Samsung ကတော့ တရုတ်ဈေးကွက်ရဲ့ ထိပ်တန်း စမတ်ဖုန်းကုမ္ပဏီ ၅ ခုစာရင်းမှာ ပါမလာခဲ့ပါဘူး။ အခြားတောင်ကိုရီးယားစမတ်ဖုန်းကုမ္ပဏီတစ်ခုဖြစ်တဲ့ LG Mobile ကလည်း နောက်ဆုံး သုံးလပတ်အတွင်း ဒေါ်လာ ၁၉၂ သန်းကျော် အရှုံးပေါ်ပြီး တရုတ်ဈေးကွက်က ထွက်သွားခဲ့ပြီ ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD