wearable ဈေးကွက်တစ်ခုလုံးရဲ့ ထက်ဝက်နီးပါးလည်း ဖြစ်ပါတယ်။

စမတ်လက်ပတ်ဈေးကွက်ထဲမှာ လူသုံးအများဆုံးဖြစ်တဲ့ စမတ်နာရီတွေရဲ့ အနာဂါတ်ဈေးကွက်အမြင်ပေါ် အကောင်းမြင်မှုတွေ ရှိနေပါတယ်။

idc-smartwatch.png

Photo: ZDNet

 

နိုင်ငံတကာဈေးကွက်သုတေသနကုမ္ပဏီ IDC ရဲ့ တွက်ချက်မှုအရ လာမယ့် ၂၀၂၂ ခုနှစ်မှာ စမတ်နာရီတင်ပို့မှု ပမာဏဟာ ၉၄.၃ သန်း အထိ ရှိလာမယ်လို့ဆိုပါတယ်။ IDC ဟာ ၂၀၂၂ မှာ စမတ်လက်ပတ် ထုတ်ကုန်ပေါင်း ၁၉၀.၄ သန်း ထွက်လာမယ်လို့ခန့်မှန်းထားတာကြောင့် ဒါဟာ စုစုပေါင်း wearable ဈေးကွက်ရဲ့ ထက်ဝက်နီးပါး ပမာဏလည်း ဖြစ်ပါတယ်။

လက်ရှိအချိန်အထိ ၂၀၁၈ ခုနှစ်အတွင်းမှာ စမတ်နာရီပေါင်း ၄၆.၂ သန်း ကို ရောင်းချပြီး ဖြစ်တယ်လို့IDC က ဖော်ပြထားပါတယ်။ ဒါဟာ အရင်နှစ် ကာလတူထက် ၃၈.၉% ပိုများလာတာလည်း ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာ အခြား စမတ်လက်ပတ်တွေရဲ့ ရောင်းအားဟာ ဆက်လက် မြင့်တက်လာမယ်လို့ဆိုပါတယ်။

"fitness bands လိုမျိုး စမတ်လက်ပတ်တွေကလည်း ဈေးချိုလာသလို လုပ်ဆောင်ချက်တွေမှာလည်း စမတ်နာရီနဲ့ပိုတူလာလို့သူတို့လည်း ရောင်းအားတက်လာဖို့ရှိပါတယ်။" လို့IDC စမတ်လက်ပတ်ဌာနရဲ့ သုတေသနညွှန်ကြားရေးမှူး ရာမွန်လာလယ်မားစ်က ဆိုပါတယ်။

နားကြပ်တွေ တင်ပို့မှုကဏ္ဍဟာ နောက် ၄ နှစ်မှာ ၆ ဆတိုးပြီး ၁၂.၃ သန်း ထိ ရှိလာမယ်လို့ဆိုပါတယ်။ ကြိုးမဲ့နားကြပ်ထုတ်ကုန်ဟာ စမတ် wearable တွေထဲမှာ တိုးတက်မှု အမြန်ဆုံးလည်း ဖြစ်ဖို့ရှိပြီး နောက်ပိုင်းမှာ စမတ်အကူစနစ်များ ၊ ကိုယ်လက်ကြံ့ခိုင်ရေးဆိုင်ရာ features များနဲ့တိုက်ရိုက်ဘာသာပြန်စနစ်လိုမျိုး အဆင့်မြင့် နည်းပညာတွေပါ သုံးလာမယ်လို့ကျွမ်းကျင်သူများက ခန့်မှန်းပါတယ်။

Photo: CNET

 

စမတ်နာရီဈေးကွက်မှာ နောက်ဆုံးထွက်ထားတာကတော့ Apple ရဲ့ စတုတ္ထမျိုးဆက် Apple Watch Series 4 ဖြစ်ပြီး ရိုးရိုးမော်ဒယ်ကို ၃၉၉ ဒေါ်လာ (မြန်မာငွေ ၆ သိန်း ကျော်) နဲ့cellular မော်ဒယ်ကို ၄၉၉ ဒေါ်လာ ( မြန်မာငွေ ၇ သိန်းခွဲကျော်) ဈေးတွေနဲ့ စက်တင်ဘာ ၂၁ ရက်နေ့မှာ စတင်ရောင်းချသွားမယ်လို့ဆိုပါတယ်။

Share

Loading Next Article...
က္က