တက်ဘလက်အငယ်စား ဆိုဒ်နဲ့လာဖို့ရှိပါတယ်။

အောက်တိုဘာ ၁၆ ရက်မှာ စိတ်လှုပ်ရှားစရာ ထုတ်ကုန်တွေ မိတ်ဆက်သွားမယ့် Huawei ဖုန်းတွေထဲမှာ Gaming Smartphone တစ်လုံး ပါလာမယ်လို့သတင်းတွေ ထွက်နေပါတယ်။



[No available link text] 

Huawei Mate 20 / Mate 20 pro တို့နဲ့အတူ Huawei ဟာ Mate 20X မော်ဒယ်တစ်မျိုးကို ကြေငြာသွားဖို့ရှိပါတယ်။ ဒီဖုန်းရဲ့ ထူးခြားချက်က Huawei Mate series ဖုန်းတွေထဲမှာ ဂိမ်းအထူးဖုန်းအဖြစ် မြင်ရဖို့ရှိနေတာပါပဲ။ ပြောရရင် Huawei Mate 20X ဟာ တက်ဘလက်အရွယ်အစားနဲ့လာမယ့် မော်ဒယ်တစ်မျိုးလည်း ဖြစ်နေပါတယ်။

အတည်မပြုနိုင်သေးပေမယ့် သတင်းတွေမှာတော့ Huawei Mate 20X ဟာ ၇.၂၁ လက်မ OLED display နဲ့လာမယ်လို့ဆိုပါတယ်။ အရွယ်အစားကြီးတဲ့ ဖုန်းဖြစ်လို့ဘက်ထရီပါဝါလည်း အကြီးစား သုံးသွားမှာကတော့ ပြောစရာမလိုပါဘူး။ ဒီဖုန်းကို Gaming smartphone အဖြစ် ပြောနိုင်တဲ့ အချက်တစ်ခုက Huawei ရဲ့ GPU Turbo နည်းပညာ သုံးမယ့်အချက်ပါပဲ။

နောက်ပိုင်းမှာ GPU Turbo နည်းပညာသုံးတဲ့ Huawei ဖုန်းတော်တော်များများဟာ အတော်လေး အဆင့်မြင့်တဲ့ ဂိမ်းဖုန်းတစ်လုံးလို သုံးနိုင်လာပါတယ်။ Huawei ရဲ့ GPU Turbo နည်းပညာကို Honor Play မှာ စတင်သုံးစွဲခဲ့တာ ဖြစ်ပြီး အမြင့်ဂိမ်းတွေကို frame rate အပြည့်နဲ့HDR Gaming စနစ်ကို ဆော့ကစားနိုင်မှာပါ။

Huawei Mate 20X မှာ အကြီးစား ဂိမ်းတွေ ထည့်ဆော့နိုင်ဖို့RAM 6GB နဲ့8GB အထိ သုံးသွားဖို့ရှိပါတယ်။ ကင်မရာနဲ့ပတ်သက်ပြီး ဘယ်လိုမျိုးစနစ်တွေနဲ့လာမယ်ဆိုတာတော့ မသိရသေးပါဘူး။ processor ကိုတော့ IFA2018 ပွဲမှာ ပထမဆုံး ပြသသွားခဲ့တဲ့ Kirin 980 processor သုံးမှာ သေချာနေပါတယ်။

Photo: wccftech

 

အသေးစိတ်အချက်အလက်နဲ့ဈေးနှုန်းတွေကို သိဖို့အတွက် အောက်တိုဘာ ၁၆ ရက်နေ့ကို စောင့်ရမှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က