AD
AD
AD

Huawei ရဲ့ အမှတ်တံဆိပ်ခွဲဖြစ်တဲ့ Honor ဟာ Honor 7C ကို တရားဝင်မိတ်ဆက်လိုက်ပါတယ်။

 

ဒီစမတ်ဖုန်းကို မတ်လ ၁၃ ရက်ကစတင်ပြီး တရုတ်နိုင်ငံမှာ ရောင်းချသွားမှာဖြစ်ပါတယ်။ တန်ဖိုးက 3GB/32GB မော်ဒယ်အတွက် ၈၉၉ ယွမ် (ယူရို ၁၁၅) ဖြစ်ပြီး 4GB/64GB အတွက်က ၁,၂၉၉ ယွမ် (ယူရို ၁၆၆) ကျသင့်မှာဖြစ်ပါတယ်။

play

 

Honor 7C မှာ ၅.၉၉ လက်မ 1440x720px display ဖြစ်ပြီး 18:9 aspect ratio, 2.5D curved glass တို့နဲ့ အသုံးပြုနိုင်ပါတယ်။ Snapdragon 450 chipset ကို အသုံးပြုထားပြီး microSD card slot တစ်ခုနဲ့ dual-SIM အထောက်အပံ့ ပါဝင်ပါတယ်။

 

ကျောဘက်ကင်မရာအနေနဲ့ 13MP ပင်မကင်မရာနဲ့ depth-sensing 2MP sensor တို့ပါဝင်ပါတယ်။ အရှေ့ဘက်ကင်မရာက 8MP ဖြစ်ပါတယ်။ Software က Android 8.0 Oreo အခြေခံထားတဲ့ EMUI 8.0 ဖြစ်ပါတယ်။

 

ကျောဘက်မှာ fingerprint scanner တစ်ခုနဲ့အတူ Face Unlock ကို ထည့်သွင်းထားပါတယ်။

 

အရှေ့ဘက်နဲ့ ကျောဘက်ကင်မရာနှစ်ခုစလုံးက portrait mode ကို ထောက်ပံ့ပေးနိုင်ပါတယ်။

 

Hornor 7C ကို အနက်ရောင်၊ အနီရောင်၊ ရွှေရောင်၊ အပြာရောင်တို့နဲ့ ရရှိနိုင်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD