အမေရိကန်နိုင်ငံ လာ့စ်ဗီးဂတ်စ်မှာ ကျင်းပနေတဲ့ ကမ္ဘာ့အကြီးဆုံး လူသုံးကုန်လျှပ်စစ်ပစ္စည်းပြပွဲကြီးမှာ SanDisk storage ကုမ္ပဏီကလည်း ကမ္ဘာ့အသေးဆုံး USB drive သစ်တစ်မျိုး မိတ်ဆက်ပြသသွားပါတယ်။

play

 

CES 2018 မှာ SanDisk မိတ်ဆက်သွားတဲ့ flash drive ဟာ storage 1TB ဆန့် ပြီး ဒေတာသယ်ပြောင်းအတွက် အကောင်းဆုံးနဲ့ အမြန်ဆုံးလို့ ဆိုနိုင်တဲ့ USB Type C port နဲ့ လာတာပါ။ ပုံမှန် drive တွေမှာဆို ရိုးရိုး USB 3.0 ports သုံးတာများပါတယ်။ အခု SanDisk ထုတ် 1TB USB-C drive ကတော့ အန်းဒရိုက်ဖုန်းတွေနဲ့ တိုက်ရိုက်ချိတ်ဆက်နိုင်သလို iPhone ၊ iPad တွေနဲ့ ချိတ်မယ်ဆိုရင်လည်း ချိတ်ပြီး ဒေတာကူးလို့ ရမှာ ဖြစ်ပါတယ်။ ဒေတာသိုလှောင်မှုမှာတော့ SanDisk ရဲ့ ဒီ drive ဟာ အရင်နှစ်က မိတ်ဆက်သွားတဲ့ Kingston DataTraveler Ultimate GT လို 2TB ဆန့် တဲ့ drive လောက်တော့ ဒေတာဆန့် မှာပါ။

မတူတာတစ်ခုက Kingston ရဲ့ 2TB stick ဆိုရင် ဈေးအတော်မြောက်ပါတယ်။ Amazon မှာ ဒေါ်လာ ၂၄၀ လျှော့ပြီး ရောင်းတာတောင် ဈေးကအနည်းဆုံး ဒေါ်လာ ၁၄၀၀ ရှိပါတယ်။ SanDisk ရဲ့ 1TB ကတော့ တော်တော်လေး ဈေးနည်းမှာပါ။ Kingston 1TB ဆိုရင် ဒေါ်လာ ၉၀၀ ပဲ ရှိတာ ဖြစ်လို့ SanDisk ကလည်း ဒီဈေးလောက်နဲ့ ပဲ ရောင်းသွားဖို့ ရှိပါတယ်။ လက်ရှိမှာ ဒီ stick ရဲ့ဈေးမသိရသေးသလို specs လည်း အသေးစိတ်မသိရသေးပါဘူး။ ဆိုတာတစ်ခုက ဒါဟာ နမူနာ prototype အဆင့်မှာပဲ ရှိသေးတာ ဖြစ်လို့ ဈေးကွက်မှာ မြင်ရဖို့ လည်း စောင့်ရဦးမှာ ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video