Face Unlock ပါသုံးနိုင်မှာပါ

mid-range ဖုန်းတစ်လုံးကို အကောင်းဆုံး ဆယ်လ်ဖီကင်မရာနဲ့လာတဲ့ မော်ဒယ်သစ်တစ်ခုကတော့ Vivo Y95 ပါ။



Y95-1_1280x853_1280x853.jpg

Photo: Vivo

 

ပြည်တွင်းဈေးကွက်ထဲ မကြာခင် ဝင်ရောက်လာမယ့် Vivo Y95 ဟာ သပ်ရပ်သားနားတဲ့ Vivo ရဲ့ Halo FullView display ဒီဇိုင်းနဲ့လာမယ်လို့ဆိုပါတယ်။ Halo FullView တွေဟာ screen ရဲ့ အလှနဲ့မှန်ပြင်ရဲ့ နေရာယူမှုကို လွတ်လွတ်လပ်လပ် ဖွင့်ထုတ်ပေးမယ့် ဒီဇိုင်းဖြစ်လို့ဒီဟန်ကို ပထမဆုံးသုံးလာတဲ့ Vivo V11 series ထဲက ပြည်တွင်းမှာ မျက်စိကျနေကြတာပါ။ Vivo Y95 မှာလည်း ဒီလို ခမ်းနားတဲ့ စတိုင်ကို တွေ့ရမှာကတော့ ကြိုဆိုရမယ့်အချက်ပါ။

mid-range တစ်လုံးအနေနဲ့Vivo Y95 ကို ပြီးပြည့်စုံစေတာက RAM 4GB/ 64GB storage အတွဲပါ။ ဒီလောက်ဆိုရင် ရိုးရိုး ဖုန်းသုံးတာပဲ ဖြစ်ဖြစ် ခပ်မြင့်မြင့် ဂိမ်းတွေ ထည့်ဆော့ဖို့ပဲ ဖြစ်ဖြစ် အိုကေပါတယ်။ နောက်ထပ် storage လိုသေးတယ်ဆိုရင်တော့ microSD card အတွက် ပါလို့အကြိုက်တိုးနိုင်မှာပါ။ processor ကတော့ 1.9GHz octa-core Snapdragon 439 SoC ဖြစ်လို့ဖုန်းသုံးရတာ စိတ်ညစ်စေမှာ မဟုတ်ပါဘူး။

ဒီဖုန်းရဲ့ အဓိက အားသာချက်တွေထဲမှာ ကင်မရာကတော့ မပါမဖြစ်ပါ။ လူငယ်တွေအကြိုက် အလန်းစား ဆယ်ဖီကင်မရာဖြစ်တဲ့ 20MP ကင်မရာဟာ AI ကင်မရာစနစ်တွေ အလှပြင်တဲ့ features တွေနဲ့လာမှာပါ။ Vivo Y95 ဟာ ကိုယ့်ရဲ့ ဆယ်လ်ဖီကို လူတိုင်းရဲ့ ရှေ့မှာ ယုံယုံကြည်ကြည် ချပြဖို့အကောင်းဆုံးကူညီပေးမယ့် စမတ်ဖုန်းလို့ဆိုနိုင်ပါတယ်။

ကျောဘက်မှာတော့ ထောင်လိုက် 13MP+2MP dual Lensတွေနဲ့လာပါတယ်။ ဒီကင်မရာတွေမှာတော့ ပရိုတန်းဝင် bokeh shot တွေလိုမျိုး ရိုက်ချက်တွေကို ဖန်တီးပေးနိုင်စွမ်းအပြင် ဓါတ်ပုံမြင်ကွင်းပေါင်း ၁၄၀ ကို မှတ်သားပြီး အကောင်းဆုံး ပုံထွက်အောင် ပံ့ပိုးပေးနိုင်တဲ့ AI စနစ်တွေနဲ့လာပါတယ်။ fingerprint scanner ကလည်း ကျောဘက်မှာ ရှိသလို Face Unlock အတွက်လည်း ရှေ့ကင်မရာကို သုံးနိုင်မှာပါ။

Photo: Vivo

 

ဘက်ထရီပိုင်းမှာ 4030mAh က လုံလောက်တာထက် ပိုတဲ့ ဘက်ထရီပါဝါလို့ဆိုပါတယ်။ စမတ်ပါဝါစီမံစနစ်တွေလည်း ပါလို့ဖုန်းသုံးရင်း အားမလောက်မှာ စိတ်ပူစရာ ရှိမှာ မဟုတ်ပါဘူး။ နောက်ထပ် ကျွန်တော်တို့စိတ်လှုပ်ရှားနေတဲ့ အချက်က ဈေးတန်မယ်ဆိုတဲ့ သတင်းပါ။ Vivo Y95 ကို ပြည်တွင်းမှာ ဘယ်ဈေးနဲ့ဘယ်နေ့မိတ်ဆက်မလဲဆိုတာကို မျှော်ရမှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က