AD
AD
AD

Huawei ဟာ ကုမ္ပဏီရဲ့ ၂၀၁၈ နာမည်ကြီး ဖုန်းတွေကို မတ်လကုန်ပိုင်းလောက်မှ မိတ်ဆက်သွားမှာပါ။ FCC ထောက်ခံချက် ရသွားပြီ ဖြစ်တဲ့ Huawei P20 Lite အကြောင်းကတော့ အတော်လေး စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။

play

 

ဒီနေ့ ခေတ်မှာ ဖုန်းတော်တော်များများ စမတ်ဖုန်းကိုယ်ထည်အချိုး 18:9 aspect စတိုင်သုံးနေကြပေမယ့် ဒီဖုန်းကတော့ ပိုပြီး ရှည်လျားတဲ့ ကိုယ်ထည်ဒီဇိုင်းဖြစ်တဲ့ 19:9 aspect ratio သုံးသွားမယ်လို့ ဆိုပါတယ်။ မျက်နှာပြင်အရွယ်အစားကိုတော့ ၆.၁ လက်မ ဝန်းကျင် ဖြစ်ဖို့ ရှိပြီး display ရုပ်ထွက်အနေနဲ့ 2280 x 1080 p ပါရှိမှာ ဖြစ်ပါယ်။ FCC မှာ တင်ထားတဲ့ အချက်အလက်အရ ဒီဖုန်းမှာ ထူးခြားတာက 3D ပုံဖော်စနစ်ဖြစ်တဲ့ IR Proximity sensor မျက်နှာပြင်ဖတ်စနစ် ပါရှိမှာပါ။ ရှေ့ ကင်မရာနားမှာ Flying ll depth learning algorithm ပါရှိတဲ့ မျက်နှာပြင်ဖတ်အစိတ်အပိုင်းတွေ ထည့်သွင်းသွားမယ်လို့ ဖော်ပြထားပါတယ်။

play

 

ကျောဘက်မှာ ထောင်လိုက် dual rear ကင်မရာစနစ် ပါရှိမှာ ဖြစ်ပြီး ကင်မရာရုပ်ထွက်တော့ ပြောမထားပါဘူး။ နောက်တစ်ခုက fingerprint စနစ်လည်း FCC မှာ ပြမထားပါဘူး။ ဘက်ထရီကိုတော့ 2900 mAh ဘက်ထရီသုံးမယ်လို့ ဆိုပါတယ်။ နောက်ထပ် စောင့်ကြည့်ရမှာက ဒီဖုန်းဟာ AI နည်းပညာကို ကောင်းကောင်း သုံးသွားမယ့် ဖုန်း ဟုတ်မဟုတ်ပါပဲ။

play

 

မတ်လ ၂၇ ၊ ပြင်သစ်နိုင်ငံ ပဲရစ်မှာ Huawei ဟာ စမတ်ဖုန်းသစ်တွေ မိတ်ဆက်သွားမှာပါ။ Huawei ရဲ့ ဖုန်းဖွင့်ပွဲ ဖိတ်စာမှာတော့ AI နည်းပညာ ပိုမြင်ရစေမယ်လို့ ဖော်ပြထားပါတယ်။ ဒါတင်မဟုတ်ဘဲ ကင်မရာအရည်အသွေးလည်း စောင့်ကြည့်ရမယ့် ပုံပါ။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD