အင်တာနက်မြန်နှုန်းကလွဲရင် ပုံမှန် ပရီမီယံဖုန်းအတိုင်း ထွက်လာမှာပါ

အမေရိကန်နိုင်ငံရဲ့ စတုတ္ထအကြီးဆုံး မိုဘိုင်လ်း carrier တစ်ခု ဖြစ်တဲ့ Sprint နဲ့တောင်ကိုရီးယား ဖုန်းကုမ္ပဏီ LG Electronics တို့ဟာ လာမယ့်နှစ်လယ်ကစပြီး 5G စမတ်ဖုန်းတွေ ရောင်းချဖို့ပူးပေါင်းလိုက်ပြီ ဖြစ်ပါတယ်။



Sprint-store-shutterstock.jpg

Photo: Mobile World Live

 

ပြီးခဲ့တဲ့ ဧပြီလကပဲ T-Mobile နဲ့ဒေါ်လာ ၂၆ ဘီလျံ လုပ်ငန်းတူ ပူးပေါင်းမှုလုပ်ခဲ့တဲ့ Sprint ဟာ မျိုးဆက်သစ် 5G ကြိုးမဲ့ကွန်ရက်စနစ်ကို သွားဖို့အတွက် အရှိန်အဟုန်မြှင့်တင်နေတာပါ။ ဒီအချိန်မှာ LG ဟာ Sprint ရဲ့ 5G ကွန်ရက်နဲ့ကိုက်ညီမှုရှိတဲ့ 5G စမတ်ဖုန်းတွေကို ထုတ်လုပ်ဖို့ပူးပေါင်းလာတာလည်း ဖြစ်ပါတယ်။

LG ရဲ့ 5G ဖုန်းတွေဟာ T-Mobile မှာတော့ 4G network နဲ့ပဲ သွားမှာ ဖြစ်တယ်လို့Sprint ရဲ့ ထုတ်ကုန်ဖွံ့ဖြိုးမှုဆိုင်ရာ ညွှန်ကြားရေးမှူး ဂျွန် တက်ဒ်ဟုပ်က ပြောပါတယ်။ LG 5G ဖုန်းတွေကို Sprint ရဲ့ 5G ကွန်ရက်ဖြန့်ကျက်မှုနဲ့အတူ မိတ်ဆက်သွားမှာ ဖြစ်ပြီး ဈေးနှုန်းနဲ့ဖြန့်ချိမယ့် ရက်ကိုတော့ နောက်ပိုင်းမှာ ကြေငြာသွားမယ်လို့လည်း ဆိုပါတယ်။

တစ်ခုရှိတာက LG ရဲ့ 5G ဖုန်းဟာ ဒီဇိုင်းပိုင်းမှာ ဈေးကွက်ထဲ ရှိပြီးသား ပရီမီယံဖုန်းတွေနဲ့သိပ်ကွာမှာ မဟုတ်ဘူးလို့LG ရဲ့ ဗျူဟာနဲ့ထုတ်ကုန်စီမံရေးရာ ဒုဥက္ကဌ ယက်ဆာ နက်ဖီက ပြောပါတယ်။ LG ထုတ် 5G ဖုန်းတွေဟာ လက်ရှိ high-end ဖုန်းတွေအတိုင်း အရွယ်အစား ၊ အလေးချိန် ၊ ဘက်ထရီသက်တမ်း နဲ့performance ပါလာမှာ ဖြစ်ပြီး 5G ကြောင့် အလွန်မြန်တဲ့ အင်တာနက်စနစ် သုံးနိုင်မှာပါ။

"ဒီနေ့ကြေငြာချက်က ကျွန်တော်တို့ရဲ့ ဖောက်သည်များ လက်ထဲ လှပသားနားစွာ ဒီဇိုင်းထုတ်ထားတဲ့ အဆင့်မြင့် 5G စမတ်ဖုန်း အရောက်ပို့ဆောင်ဖို့ပိုမိုနီးကပ်တဲ့ ခြေလှမ်းတစ်လှမ်းလည်း ဖြစ်ပါတယ်" လို့Sprint ရဲ့ CTO ဖြစ်သူ ဒေါက်တာဂျွန်ဆောက ပြောပါတယ်။ Sprint နဲ့ပူးပေါင်းထားတဲ့ T-Mobile ဟာ မကြာသေးမီကပဲ 5G ကွန်ရက်အတွက် လိုအပ်တဲ့ အစိတ်အပိုင်းများ မှာယူဖို့Nokia နဲ့ဒေါ်လာ ၃.၅ ဘီလျံတန် သဘောတူစာချုပ်ချုပ်ဆိုထားပါတယ်။

Photo: Daily Mail

 

၂၀၁၉ နှစ်ဆန်းပိုင်းက စပြီး Sprint ဟာ အတ္တလန်တာ ၊ ချီကာဂို ၊ ဒဲလပ်စ် ၊ ဟူစတန် ၊ ကန်ဆက်စီးတီး ၊ လော့စ်အိန်ဂျလိစ် ၊ နယူးယော့်ခ် ၊ ဖီးနစ်နဲ့ဝါရှင်တန် ဒီစီတို့မှာ 5G ကွန်ရက် ဖြန့်ကျက်သွားမှာပါ။ 5G အတွက် Sprint ဟာ MIMO နည်းပညာသုံးသွားမှာ ဖြစ်ပြီး ဒီနည်းပညာဟာ လက်ရှိ LTE စနစ်များထက် ၁၀ ဆ ပိုမြန်မယ်လို့ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က