၂၀၁၇ flagship processor ကို သုံးထားတာပါ

ဒီဖုန်းဟာ Moto Z ဖုန်းတွေထဲမှာ နောက်ဆုံး Moto Mod သုံးတဲ့ ဖုန်းလည်း ဖြစ်နိုင်ပါတယ်

Photo: Android Authority

 

Motorola ဟာ flagship စီးရီးဖြစ်တဲ့ မျက်နှာပြင် ၆ လက်မ Super AMOLED display သုံး Moto Z3 သစ်ကို မိတ်ဆက်ချိန်မှာ ထူးထူးခြားခြား အစီအစဉ်အနေနဲ့5G ကွန်ရက်ကို upgrade လုပ်နိုင်မယ့် ဖုန်းအဖြစ် ကြေငြာသွားတာပါ။ ဒီအတွက် Moto Z3 ဟာ 5G ချိတ်ဆက်နိုင်တဲ့ Snapdragon X50 modem ပါတဲ့ 5G Moto Mod သုံးထားပါတယ်။

5G Moto Mod ပါတဲ့ Moto Z3 ကို 5G ကြိုးမဲ့သုံးနိုင်ဖို့အတွက်တော့ 5G ကွန်ရက် ဖြန့်ကျက်ထားတဲ့ မြို့တွေမှာပဲ ရမှာပါ။ ဒီဖုန်းကို ဖြန့်ချိမယ့် Verizon ကတော့ ဒီနှစ်ကုန်ပိုင်းမှာ ဟူစတန် ၊ လော့အိန်ဂျလိစ် ၊ ဆက်ကရာမန်တို နဲ့နောက်ထပ် မြို့တစ်မြို့မှာ 5G လွှင့်ပေးမယ်လို့ကတိပေးထားပါတ်ယ။ ဒီတော့ တစ်ခြားမြို့တွေမှာ Moto Z3 ဟာ ရိုးရိုုး 4G လိုင်းဆွဲအားနဲ့ပဲ သုံးနိုင်မယ့် သဘော ဖြစ်ပါတယ်။

ဒီဇိုင်းပိုင်းမှာတော့ Moto Z3 ဟာ အရင် Moto Z series တွေနဲ့ထူးမခြားနားပါ။ တစ်ခုရှိတာက fingerprint scanner ကို ဖုန်းရဲ့ ဘေးကိုယ်ထည်ဘေးမှာ ထည့်သွင်းလာတာ ဖြစ်ပါတယ်။ 18:9 aspect ratio နဲ့လာတဲ့ ဒီဖုန်းဟာ flagship ဖုန်းအနေနဲ့ကြည့်ရင် နည်းနည်း ဒိတ်အောက်သွားတဲ့ ၂၀၁၇ ထွက် Snapdragon 835 chipset သုံးထားပြီး RAM 4GB/64GB storage ပဲ ပါလာပါတယ်။

Moto Z2 Force အတိုင်း ကင်မရာပိုင်းမှာ dual cameras တွေ သုံးထားပြီး Z3 မှာ 12MP ရောင်စုံကင်မရာနဲ့12MP အဖြူအမည်း ကင်မရာနှစ်လုံး သုံးသွားတာပါ။ ရှေ့ဘက်မှာ ၈၄ ဒီဂရီ မြင်ကွင်းကျယ်ရိုက်ကူးနိုင်မယ့် 8MP ကင်မရာ ပါဝင်ပါတယ်။ ဘက်ထရီကတော့ 3000 mAh ဘက်ထရီ ဖြစ်ပြီး Motorola ရဲ့ ၁၅ မိနစ်အားသွင်းတာနဲ့၈ နာရီ အသုံးခံတဲ့ TuboPower fast charging နည်းပညာ ပါလာပါတယ်။

Photo: Business Insider

 

လက်ရှိမှာ Android 8.1 Oreo နဲ့လာပြီး မကြာခင်မှာ Android P ဗားရှင်းကို update တင်ပေးသွားမယ်လို့ဆိုပါတယ်။။Moto Z3 ကို ၄၈၀ ဒေါ်လာ (မြန်မာငွေ ၇ သိန်း) ဈေးနဲ့ရောင်းချသွားမှာပါ။

Share

Loading Next Article...
က္က