Mobile: Android Wear သုံး စမတ်နာရီတွေမှာလည်း Oreo update တင်နိုင်ပြီ

နိုင်ငံနဲ့ဘာသာစကား ၇ မျိုး တိုးထားပါတယ်။

Google ရဲ့ အန်းဒရိုက်ဗားရှင်းသစ် Oreo ကို Android Wear စနစ်သုံး စမတ်နာရီတွေမှာ ဒီနေ့ ကစပြီး သုံးနိုင်ပြီလို့ ဆိုပါတယ်။

play

 

Android Wear 2.0 နဲ့ မတူတာက Oreo ဟာ ဒီဇိုင်းနဲ့ function ပိုင်းမှာ ကြီးကြီးမားမား ပြောင်းထားတာ မဟုတ်ဘဲ noti များ၊ ရာသီဥတု အေးနေချိန်များမှာ အသုံးတည့်တဲ့  touch lock များအတွက် အသံတုန်ခါမှုစနစ် ဖွဲ့ စည်းပုံများ ထပ်တိုးထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် သုံးထားတဲ့ ဘာသာစကားတွေလည်း ထပ်တိုးလာသလို နိုင်ငံအရေအတွက်လည်း ပိုများလာတာတွေ့ ရပါတယ်။

Oreo update မှာတော့ ဘက်ထရီအားခံတဲ့ စနစ်ပိုင်းပါ ပိုကောင်းလာတာ ဖြစ်ပြီး နိုင်ငံနဲ့ ဘာသာစကားမှာတော့ ဘယ်လ်ဂျီယံ (ချက်ဘာသာ) ၊ ချက်သမ္မတနိုင်ငံ (ချက်ဘာသာ) ၊ အယ်ဆယ်လ်ဘေတာ (စပိန်စကား) ၊ ဟွန်ဒူးရပ်စ် (စပိန်စကား) ၊ နိုင်ဂျီးရီးယား (အင်္ဂလိပ်စာ) ၊ ပါရာဂွေး (စပိန်စကား) နဲ့ ပေါ်တူဂီနိုင်ငံ (ပေါ်တူဂီစကား) ဆိုပြီး ၇ မျိုး တိုးထားပါတယ်။ တစ်ခုရှိတာက စမတ်နာရီကုမ္ပဏီတွေရဲ့ အချိန်ဇယားပေါ် မူတည်ပြီး Oreo update ရတဲ့ အချိန် မြန်မမြန်ကွာသွားမှာပါ။

play

 

Google ရဲ့ ဒီ update ကို အန်းဒရိုက်ဖုန်းတစ်ချို့ ဖြစ်တဲ့ Nexus နဲ့ Pixel ဖုန်းတွေမှာဆို Android 8.1 Oreo အထိ တင်နိုင်ပြီ ဖြစ်ပေမယ့် စမတ်နာရီတွေကို ရောက်လာတာကတော့ နည်းနည်းနောက်ကျနေပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ