iOS နဲ့Android ဗားရှင်း ၂ မျိုးနဲ့ထွက်လာတာပါ

နောက်ခံသီချင်းနဲ့အတူ သရုပ်ဆောင်နိုင်မယ့် ဗွီဒီယို app တစ်ခုကို Facebook မှ ဖြန့်ချိလိုက်ပြီ ဖြစ်ပါတယ်။

tiktok-lasso-670x410.jpg

Photo: Hipertextual

 

Facebook ဟာ လူပေါင်း သန်း ၅၀၀ လောက် သုံးနေတဲ့ Tik Tok ကို ယှဉ်ဖို့အတွက် Lasso ကို မိတ်ဆက်လိုက်တာပါ။ TikTok ဟာ အမေရိကန်မှာ အကြီးအကျယ် လူကြိုက်များလာနေတဲ့ video app တစ်ခု ဖြစ်ပြီး စက်တင်ဘာလက US ရဲ့ ဒေါင်းလုပ်ဆွဲမှု အများဆုံး social app အနေနဲ့ထိပ်ဆုံးက ရပ်တည်နေခဲ့တာ ဖြစ်ပါတယ်။

Facebook ကနေ မိတ်ဆက်လိုက်တဲ့ Lasso ကလည်း TikTok နဲ့တစ်ပုံစံတည်းဖြစ်ပြီး နောက်ခံနာမည်ကျော် တေးသွားတွေနဲ့အတူ ကိုယ့်ရဲ့ အမူအယာကို record ဖမ်းပြီး လူမှုကွန်ရက်မှာ ပြန် share နိုင်မှာပါ။ Lasso မှာတော့ catalog ထဲမှာ သီချင်းသန်းနဲ့ချီပြီး ရွေးချယ်နိုင်မှာ ဖြစ်တယ်လို့ဆိုပါတယ်။ ဒါတွေအပြင် Vines လိုမျိုး ဗွီဒီယိုအတိုလေးတွေပါ record ဖမ်းထားလို့ရမှာ ဖြစ်ပါတယ်။

ဒီ app ဟာ iOS နဲ့Android ဗားရှင်းနှစ်မျိုးနဲ့ထွက်ထားတာပါ။ "Lasso က ဖျော်ဖြေရေး ဗွီဒီယိုအတိုလေးတွေ ဖန်တီးလို့ရမယ့် standalone app အသစ်ပါ။ ကျွန်တေ်ာတို့အနေနဲ့ဒီရဲ့ အလားအလာကြောင့် စိတ်လှုပ်ရှားနေပြီး လူတွေနဲ့ဖန်တီးသူတွေဆီက တုန့်ပြန်ချက်ကို စုဆောင်းနေပါတယ်" လို့Facebook က ဆိုပါတယ်။

Lasso မှာ စာရင်းသွင်းဖို့အတွက် Instagram ကနေ ဝင်နိုင်သလို Facebook သုံးပြီး အကောင့်တစ်ခု ဖန်တီးနိုင်မှာပါ။ Facebook  နဲ့Lasso ချိတ်ပြီးနောက် အဲဒီကနေ ကိုယ့်ရဲ့ profile  ပုံတွေနဲ့ဗွီဒီယိုတွေပါ ယူလို့ရမှာ ဖြစ်ပါတယ်။

Lasso မှာ short video အတိုအထွာပေါင်း များစွာ ကြည့်နိုင်ပြီး အောက်ခြေမှာ hashtag တွေ လည်း ပြထားပါတယ်။ Lasso မှာ ကိုယ် ဖန်တီးထားတဲ့ ဗွီဒီယိုတွေကို Facebook Story မှာ တိုက်ရိုက် ပြန် share နိုင်မှာ ဖြစ်ပါတယ်။

[No available link text] 

တရုတ်မှာ Douyin လို့ခေါ်တဲ့ TikTok ကတော့ ၂ နှစ်အတွင်း လစဉ် ပုံမှန်သုံးစွဲသူဦးရေဟာ သန်း ၅၀၀ နဲ့အထက်မှာ ရှိနေပြီ ဖြစ်ပြီး မကြာသေးခင်ကပဲ Musical.ly ကို ဒေါ်လာ ၁ ဘီလျံနဲ့ဝယ်ယူကာ ဈေးကွက်ချဲ့ထွင်မှု လုပ်ဆောင်နေပါတယ်။ Facebook ဟာ Lasso app ကို တရားဝင် ကြေငြာချက် မထုတ်ဘဲ တိတ်တဆိတ် ဖြန့်ချိခဲ့တာ ဖြစ်လို့နောက်ကွယ်မှာ ဘယ်လို ဈေးကွက်ဗျူဟာတွေ ရှိနေမလဲ မသိရပါဘူး။

Share

Loading Next Article...
က္က