Intel ရဲ့ 5G chips သုံးသွားမှာပါ။

ပဉ္စမမျိုးဆက် မိုဘိုင်းလ်ဆက်သွယ်ရေးနည်းပညာဟာ လာမယ့် တစ်နှစ် နှစ်နှစ်အတွင်း iPhone တွေဆီ ရောက်လာတော့မှာ သေချာနေပါတယ်။

photo: 9to5Mac

 

iPhone တွေအတွက် LTE modem supplier အဖြစ် Intel က တာဝန်ယူသွားမှာ ဖြစ်ပြီး ၂၀၁၉ မော်ဒယ်တွေကစပြီး Apple ဟာ 5G download speed ရှိတဲ့ iPhone တွေ ထုတ်လုပ်သွားမယ်လို့သတင်းထွက်ထားပါတယ်။ 5G speed ရတဲ့ iPhone တစ်လုံးဟာ 4K ရုပ်ရှင်တွေကို စက္ကန့်ပိုင်းအတွင်း ဒေါင်းလုပ်ဆွဲနိုင်မှာပါ။ Apple  ဟာ Qualcomm နဲ့လမ်းခွဲပြီးနောက်ပိုင်း chip supplier အဖြစ် Intel ကို ရွေးချယ်ခဲ့တာ ဖြစ်ပေမယ့် သတင်းတစ်ချို့မှာတော့ Intel နဲ့Apple အကြား ပြဿနာ ရှိထားပုံပါပဲ။

CTech ရဲ့ သတင်းမှာတော့ Apple ဟာ ၂၀၂၀ ထုတ် 5G iPhone တွေအတွက် 5G ၊ Wi-Fi နဲ့Bluetooth chip အစိတ်အပိုင်းတွေကို Intel ဆီက မမှာတော့ဘူးလို့ဆိုပါတယ်။ Sunny Peak လို့Intel က နာမည်ပေးထားတဲ့ ဒီ modem ထုတ်လုပ်မှုဟာ ချပ်စ်တစ်ခုတည်းနဲ့5G ၊ Wi-Fi နဲ့Bluetooth ဆက်သွယ်မှုတွေ ပါရမှာ ဖြစ်ပေမယ့် ၂၀၂၀ ထုတ် iPhone တွေမှာ ဒီ modem မျိုး မပါနိုင်တာကြောင့် Apple ဟာ Intel ကို သတိပေးထားတယ်လို့အစ္စရေးသတင်းတစ်ခုမှာ ဖော်ပြထားပါတယ်။

Intel ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးကတော့ ဒီသတင်းကို ငြင်းဆိုထားပြီး ၂၀၁၈ ကနေ ၂၀၂၀ အထိ Apple နဲ့Intel ရဲ့ 5G ပူးပေါင်းမှု လမ်းပြမြေပုံဟာ အပြောင်းအလဲ မရှိဘူးလို့ပြောကြားထားပါတယ်။ Apple ဟာ 5G Partners များစာရင်းမှာ Intel အပြင် ထိုင်ဝမ်အခြေစိုက် chipmaker တစ်ခုဖြစ်တဲ့ MediaTek ဆီကလည်း မှာယူသွားဖို့ရှိတယ်လို့ဆိုပါတယ်။

မိုဘိုင်းလ်ကွန်ရက် နည်းပညာသစ် ဖြစ်တဲ့ 5G ကို စမတ်ဖုန်းတွေမှာ မြင်ဖို့အတွက် သိပ်မကြာတော့ပါဘူး။ ၂၀၁၉ ခုနှစ်ကစပြီး Huawei ဟာ 5G စမတ်ဖုန်းတွေ ထုတ်သွားမယ့်အကြောင်း တရားဝင် ကြေငြာပြီး ဖြစ်တာကြောင့် Apple ရဲ့ 5G iPhone တွေ မြင်ရဖို့လည်း သိပ်မဝေးတော့ဘူးလို့ဆိုနိုင်ပါတယ်။

photo: T3.com

 

၂၀၁၉ သို့မဟုတ် ၂၀၂၀ မှာ မြင်ရမယ့် 5G iPhone တစ်လုံးဟာ လက်ရှိ 4G ထက် ဒေါင်းလုပ်မြန်နှုန်းမှာ အနည်းဆုံး ၉ဆပိုမြန်မှာပါ။ သာမန် 4G ကွန်ရက်ရဲ့ download speed ဟာ ပျမ်းမျှ 56Mbps ရှိရာကနေ 5G ဖုန်းနဲ့ဒေါင်းလုပ်ဆွဲမယ်ဆိုရင် အနည်းဆုံး 490Mbps နှုန်းနဲ့ဒေါင်းလုပ်ဆွဲနိုင်မှာလည်း ဖြစ်ပါတယ်။

Share

Loading Next Article...
က္က