iPhone အစား Samsung ဖုန်းတွေ ပြောင်းသုံးဖို့တိုက်တွန်းခဲ့ပါတယ်

အမေရိကန်ရဲ့ စီးပွားရေး ပိတ်ဆို့အရေးယူမှုများကို လက်တုန့်ပြန်တဲ့ အနေနဲ့တူရကီနိုင်ငံမှာ iPhone ရောင်းချခွင့် ပိတ်ပင်သွားမယ်လို့သမ္မတ အာဒိုဂန်က ကြေငြာချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။

turkey-iphone.jpg

Photo: 9to5Mac

 

အမေရိကန်ရဲ့ စီးပွားရေး ပိတ်ဆို့မှုများနဲ့ကုန်သွယ်ခွန် တိုးမြှင့်မှုကို ကြုံတွေ့နေရတဲ့ တူရကီနိုင်ငံဟာ အမေရိကန်ထုတ် လျှပ်စစ်ပစ္စည်းများကို သပိတ်မှောက်သွားမယ်လို့ဆိုပါတယ်။ ကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့ ကုန်သွယ်ရေး တင်းကြပ်မှုကြောင့် တူရကီလိုင်ရာ ငွေကြေးဟာ အနိမ့်ဆုံးအထိ ထိုးကျသွားခဲ့ပါတယ်။

"တကယ်လို့သူတို့ဘက်မှာ iPhone ရှိရင် တစ်ခြားဘက်မှာ Samsung ရှိပါတယ်" လို့သမ္မတက ကြေငြာခဲ့ပါတယ်။ ဒါ့အပြင် တူရကီနိုင်ငံဟာ ကိုယ်ပိုင် စမတ်ဖုန်း brand တွေ သုံးသွားမယ်လို့သမ္မတက ထပ်မံပြောကြားခဲ့ပါတယ်။ "ကျွန်တော်တို့နိုင်ငံမှာ Venus Vestel လို တူရကီဖုန်းကုမ္ပဏီ တွေရှိပါတယ်။ ကျွန်တော်တို့ရဲ့ ပြည်သူတွေနဲ့အတူ ဒေါ်လာမသုံးဖို့ငွေကြေးဖောင်းပွတာ ၊ အတိုးနှုန်း ကြီးမြင့်တာတွေ ဆန့်ကျင်ဖို့ရပ်တည်သွားမှာပါ။ "

တစ်ဘက်မှာလည်း တူရကီနိုင်ငံအတွင်း Vestel ဖုန်းကိုင်သူ ဦးရေဟာ ၂.၀၈% ပဲ ရှိပြီး Apple ရဲ့ iPhone ကိုင်သူဦးရေဟာ ၁၇.၄၁% ထိ ရှိနေပါတယ်။ တစ်နည်းအားဖြင့် ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလအထိ တူရကီစမတ်ဖုန်းသုံးစွဲသူ ၄၁.၀၉ သန်းထဲမှ ၇.၁၅ သန်းဟာ iPhone သုံးနေတာပါ။ တစ်ကမ္ဘာလုံးမှာ iPhone သုံးစွဲသူ သန်း ၇၀၀ ကျော်နဲ့ယှဉ်ရင် ဒီပမာဏဟာ ပြောပလောက်တဲ့ အရေအတွက်တော့ မဟုတ်ပါဘူး။

သမ္မတအာဒိုဂန်ရဲ့ ကြေငြာချက်ကြောင့် Apple ဟာ စီးပွားရေးအရ ပြောပလောက်တဲ့ ထိခိုက်မှု ရှိလာမှာ မဟုတ်ဘဲ iPhone ကိုင်နေတဲ့ တူရကီပြည်သူတွေပဲ နစ်နာမှု ပိုရှိလာမှာပါ။ တူရကီနဲ့အမေရိကန်နိုင်ငံအကြား စီးပွားရေး ပဋိပက္ခအတွင်း လိုင်ရာငွေကြေးဟာ ၄၅% အထိ ထိုးကျနေပါတယ်။

Photo: The Sun

 

အမေရိကန်နိုင်ငံရဲ့ ပုံရိပ်တစ်ခုလို ဖြစ်နေတဲ့ Apple ဟာ ကမ္ဘာပေါ်မှာ ပထမဆုံး ဒေါ်လာ ၁ ထရီလီယံတန် ကုမ္ပဏီ ဖြစ်ပါတယ်။ သမ္မတအာဒိုဂန်ဟာ ပြီးခဲ့တဲ့ ဇွန်လကလည်း အမေရိကန် Ride-hailing ဝန်ဆောင်မှု ဖြစ်တဲ့ Uber ကို နိုင်ငံအတွင်း လုပ်ငန်းလုပ်ဆောင်ခွင့် ပိတ်ပင်လိုက်ကြောင်း ကြေငြာထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က