ကယ်လီဖိုးနီးယားတက္ကသိုလ်နဲ့ Cardiogram အက်ပလီကေးရှင်းဌာနမှ သုတေသီများရဲ့ အဆိုအရ Apple Watch ဟာ လူတစ်ယောက်မှာ ဆီးချို ရှိတယ် မရှိဘူးဆိုတဲ့ အချက်ကို ၈၅% အထိ မှန်အောင် တိုင်းတာနိုင်တယ်လို့ ဆိုပါတယ်။

play

 

သုတေသီများဟာ Apple Watch သုံးသူပေါင်း ၁၄၀၀၀ ကျော်ကို လေ့လာရာကနေ အခုလို ထုတ်ပြန်ခဲ့တာပါ ။Cardiogram ရဲ့ အက်ပလီကေးရှင်းတစ်ခု ဖြစ်တဲ့ DeepHeart နဲ့ တွက်ချက်တိုင်းတာခဲ့တဲ့ ဒီသုတေသနထဲက  ၄၆၂ ဦးမှာ ဆီးချိုရှိနေတာကို Apple Watch ရဲ့ နှလုံးခုန်တိုင်း အာရုံခံစနစ်ကနေ သိနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ Cardiogram ရဲ့ ဒီလေ့လာမှုမှာ သုံးသွားတဲ့ Apple Watch ရဲ့ heart rate sensor ဟာ တစ်ခြား fitness bands များလိုပဲ လူတစ်ယောက်ရဲ့ ကိုယ်တွင်း သွေးတွင်း သကြားဓါတ်ကမောက်ကမ ဖြစ်စဉ်ပေါ် တွက်ချက် တိုင်းတာသွားတာပါ။

play

 

Apple ဟာ Apple Watch မှာ သွေးတွင်း ကလူးဂို့ စ်ဖောက်ပြန်မှုကို တိုင်းတာ စစ်ဆေးနိုင်တဲ့စနစ်ကို Apple Watch မှာ သုံးဖို့ ကြိုးပမ်းနေတယ်လို့ ဆိုပါတယ်။ လေ့လာမှုတွေမှာတော့ မျိုးဆက်သစ် လက်ပတ်ထုတ်ကုန်တွေမှာပါတဲ့ နှလုံးခုန်တိုင်းစနစ်ဟာ ဆီးချိုရောဂါရှေ့ ပြေးလက္ခဏာများကို သိနိုင်တယ်လို့ ဖော်ပြထားပါတယ်။

play

 

Apple Watch ဟာ နှလုံးခုန်နှုန်းမမှန်မှုကို ၉၇% အထိ တိုင်းတာနိုင်သလို အိပ်စက်မှု တိုင်းတာရေးမှာလည်း ၉၀% အထိ တိကျတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် သွေးတိုးရောဂါလေ့လာရာမှာလည်း ၈၂% အထိ မှန်ကန်စိတ်ချရတယ်လို့ တွေ့ ရှိထားပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video