default အနေနဲ့ကန့်သတ်ထားတာပါ

တစ်ကိုယ်ရေ ကျန်းမာရေး စောင့်ကြည့်မှု စနစ်အနေနဲ့Series 4 စမတ်နာရီသစ်မှာ စိတ်ဝင်စားဖို့အကောင်းဆုံးက ECG စနစ်ပြီးရင် လဲကျတာကို သိနိုင်တဲ့ နည်းပညာပါပဲ။ တစ်ခုရှိတာက ဒီနည်းပညာကို သုံးဖို့ဆို အသက်ကန့်သတ်ချက် ရှိထားပါတယ်။

Apple-September-2018-event-Apple-Watch-Series-4-fall-detection-001.jpg

Photo: idownloadblog

 

Apple ဟာ စက်တင်ဘာ ၁၂ ရက် iPhone မိတ်ဆက်ပွဲမှာ ဒီဇိုင်းနဲ့workout စနစ်ပိုင်း အသစ်တွေ ထည့်ထားတဲ့ စတုတ္ထမျိုးဆက် Apple Watch Series 4 ကို ကြေငြာခဲ့ပါတယ်။ ဒီနာရီမှာ ပါတဲ့ Fall Detection နည်းပညာသစ်ဟာ မတော်တဆ လဲကျတာကို သိရှိနိုင်တဲ့ feature ဆန်း တစ်မျိုး ဖြစ်ပါတယ်။ ထူးခြားတာက မလဲခင် ယိမ်းထိုးနေတာကိုပါ သိနိုင်တာပါ။

တကယ်လို့လဲကျမယ်ဆိုရင်လည်း အလိုအလျောက် သိနိုင်ပြီး ရိုးရိုး ခြေချော်လဲတာ ၊ အရုပ်ကြိုးပြတ် ပစ်လဲ ကျသွားတာမျိုးတွေပါ သိရှိနိုင်မှာပါ။ ဒီအတွက်လည်း လက်မောင်းလှုပ်ရှားမှုတွေ အဟုန်နဲ့ဟန်ချက် တွက်ချက်မှု စနစ်တွေ ပါလာပါတယ်။ Apple Watch သစ်မှာ ပါတဲ့ Fall Detectionဟာ လဲကျလို့၁၅ စက္ကန့်အထိ ပြန်မထလာရင် တစ်ခါတည်း အရေးပေါ် အကူအညီတောင်းသွားမှာပါ။

လဲကျရာကနေ သတ်မှတ်အချိန်အတွင်း ပြန်မထနိုင်ဘူးဆိုင်ရင်တော့ Apple Watch Series 4 သုံးသူ ထည့်ပေးထားတဲ့ အရေးပေါ် contact များကို ဆက်သွယ်သွားမှာ ဖြစ်ပါတယ်။ ဒါတင်မဟုတ်ဘဲ ကာယကံရှင်ရဲ့ Medical IDအကောင့်ကနေ သူလဲကျနေတဲ့အကြောင်းကိုပါ အသိပေးနေမှာပါ။ နောက်ပိုင်းမှာတော့ အရေးပေါ် ဝန်ဆောင်မှုတွေကို ဖုန်းခေါ်နိုင်ဖို့ပါ ထည့်သွင်းထားမယ်လို့ဆိုပါတယ်။

Fall Detection ကို သုံးမယ့်သူဟာ အရင်ဆုံး ဒီ feature ကို ဖွင့်ထားရမှာပါ။ ပထမဆုံး iPhone ပေါ်က Apple Watch app ကို ဖွင့်ပြီး My Watch ဆိုတဲ့ tab ကနေ တစ်ဆင့် Emergency SOS ကို သွားပြီး Fall Detection ကို enable လုပ်ထားရမှာ ဖြစ်ပါတယ်။

တစ်ခုရှိတာက ဒီ feature ကို သုံးဖို့အတွက် အသက် ၆၅ နှစ်နဲ့အထက် လူကြီးပိုင်းတွေမှာပဲ သုံးနိုင်မှာပါ။ တကယ်လို့ဒီနာရီကို ပတ်ထားသူဟာ အသက် ၆၅ နှစ်အောက်အရွယ် ဖြစ်မယ်ဆိုရင်တော့ fall detection က အသေ disable ပိတ်ထားမယ်လို့ဆိုပါတယ်။

ဒါကလည်း Apple Watch ပတ်ပြီး အရက်မူးလဲတဲ့ နောက်ဆက်တွဲ ပြဿနာတွေနဲ့တကယ့် သွေးတိုး/လေဖြတ်ဖြစ်သွားတဲ့ ကျန်းမာရေးအခြေအနေနဲ့ရောထွေးမှာ စိုးလို့လည်း ဖြစ်နိုင်ပါတယ်။

Photo: cultofmac

 

ဒီနှစ်ထွက် Apple Watch Series 4 ဟာ နှစ်ဆပိုမြန်လာတဲ့ processor နဲ့ပိုကြီးပြီး ပါးလွှာတဲ့ display ဒီဇိုင်းကို သုံးလာပါတယ်။ ဒါတင်မဟုတ်ဘဲ watchOS 5 နောက်ဆုံးထွက် update နဲ့လာတာ ဖြစ်လို့ အလိုအလျောက် work-out စနစ်များ ၊ podcasts သီချင်းနားထောင်မှုစနစ်နဲ့walkie-talkie feature များ ပါဝင်လာမှာပါ။

Share

Loading Next Article...
က္က