Mobile: Asus Padfone X ရဲ့ Specs များ AT&T မှ ထုတ်ဖော်ပြသ

တက်ဘလက်နဲ့ ဖုန်း တစ်ခါတည်း တွဲလျက်ပါလာတာပါ။

play

တလောက ကျင်းပပြီးစီးသွားတဲ့ အီလက်ထရောနစ်နည်းပညာ ထုတ်ကုန်ပြပွဲမှာ မသိခဲ့ရတဲ့ Asus Padfone X ရဲ့ အသေးစိတ်အချက်အလက်များကို AT&T အွန်လိုင်းစတိုးကနေ ထုတ်ပြန်ပေးလိုက်ပါတယ်။

မျက်နှာပြင် ၅ လက်မနဲ့ လာမယ့် ဒီစမတ်ဖုန်းမှာ မျက်နှာပြင် ရုပ်ထွက်အနေနဲ့ 1920 x 1080 ရှိပြီး နောက်ကျောဘက်မှာ 13 MP ကင်မရာနဲ့ ရှေ့ ဘက်ခြမ်းမှာ 2MP ကင်မရာကို သုံးထားပါတယ်။ တစ်ခြား Padfones စီးရီးဖုန်းများလိုပဲ ဒီစမတ်ဖုန်းဟာ သူ့ နဲ့ တွဲဖက် မျက်နှာပြင် ၉ လက်မ ၊ ရုပ်ထွက် 1920 x 1200 ရှိပြီး ရှေ့ ဘက် 1MP ကင်မရာပါတဲ့ တက်ဘလက်ထဲကို အချက်အလက်များ ပြောင်းထည့်ထားနိုင်တယ်လို့ AT&T ရဲ့ တရားဝင်ဘလော့ဂ်မှာ ဖော်ပြထားပါတယ်။

 

Android Kitkat သုံးထားတဲ့ ယခု စမတ်ဖုန်းဟာ processor အနေနဲ့ 2.3 GHz Qualcomm Snapdragon 800 ၊ microSD ကတ်ထပ်စိုက်နိုင်သည့် internal memory ပိုင်းမှာ 16GB နှင့် RAM 2GB ကို သုံးထားပါတယ်။ ဒီ ဖုန်းနှစ်မျိုးစလုံးမှာ ကိုယ်ပိုင် ဘက်ထရီနဲ့ လာပြီး ဟန်းဆက်အတွက် 2300 mAh ဘက်ထရီနဲ့ တက်ဘလက်အတွက် 4990 mAh ဘက်ထရီ သုံးပါတယ်။

Asus Padfone X ဟာ AT&T ရဲ့ LTE အဆင့်မြင့်နက်ဝါ့ခ်ပိုင်းသုံးနိုင်ပြီး ဝိုင်ဖိုင်ကနေ အင်တာနက်နဲ့ ချိတ်လို့ ရသလို Bluetooth 4.0 ကနေ စာရွက်စာတမ်းနဲ့ ဖိုင်တွေကို လွှဲပေးလို့ ရနိုင်မှာ ဖြစ်ပါတယ်။

ဒီဖုန်းအတွက် ဈေးနှုန်းနဲ့ ထွက်ရှိမယ့်ရက် မသိရသေးပါဘူး။

Source: AT&T

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ