ဈေးကတော့ အတော်လေးကို မြောက်နေပါတယ်။

ဂိမ်းဖုန်းတွေထဲမှာတော့ Asus ရဲ့ RoG က ဈေးအကြီးဆုံး ဖုန်းလို့ပြောနိုင်ပါတယ်။ 120Hz screen နဲ့နာမည်ကြီး Razer Phone ထက် ASUS ROG ဖုန်းရဲ့ ဈေးက မြန်မာငွေ အနည်းဆုံး ၃ သိန်းခွဲပိုများနေပါတယ်။



Photo: Android Police

 

ASUS ROG ဂိမ်းဖုန်းကို မိတ်ဆက်စဉ်က 6000 mAh ဘက်ထရီပါပြီး အရန် display နဲ့လာတဲ့ TwinView လက်ကိုင် ဂိမ်း dock ၊ ရိုးရိုး desktop dock နဲ့GameVice controller တွေကိုလည်း Acer ဟာ ကြေငြာခဲ့ပါတယ်။ဒါ့အပြင် ဖုန်းနဲ့ ချိတ်ဆက်ပြီး ကစားနိုင်မယ့် WiGig Dock ၊ Professional Dock နဲ့ROG phone case တွေလည်း ရောင်းချသွားမှာပါ။

ဈေးနှုန်းအနေနဲ့Desktop dock ကို ၂၂၉.၉၉ ဒေါ်လာ ၊ TwinView Dock ကို ၃၉၉.၉၉ ဒေါ်လာ ၊ Gamevice Controller ကို ၈၉.၉၉ ဒေါ်လာ ၊ WiGig Dock ကို ၃၂၉.၉၉ ဒေါ်လာ ၊ Professional Dock ကို ၁၁၉.၉၉ ဒေါ်လာ နဲ့phone case ကို ၅၉.၉၉ ဒေါ်လာဈေးတွေနဲ့ရောင်းချမယ်လို့ဆိုပါတယ်။

ROG ဟာ Asus ရဲ့ ပထမဆုံး Gaming smartphone ဖြစ်ပြီး မျက်နှာပြင် ၆ လက်မနဲ့90Hz refresh rate ရှိတဲ့ AMOLED display နဲ့လာတာပါ။ ၂၀၁၈ ရဲ့ အမြန်ဆုံး processor ဖြစ်တဲ့ Snapdragon 845 processor ကိုမှ 2.96GHz octa-core ပါရှိပြီး RAM 8GB သုံးထားတဲ့ ဖုန်းဖြစ်ပါတယ်။ အားသွင်းစနစ်မှာ HyperCharge 20W fast charging နည်းပညာပါတဲ့ 4000 mAh ဘက်ထရီ သုံးထားပါတယ်။

ကျောဘက်မှာ 12MP ပင်မကင်မရာနဲ့120 degree wide-angle မြင်ကွင်းကျယ် ရိုက်ကူးနိုင်တဲ့ အရန် 8MP ကင်မရာ ၂ လုံးတွဲ ပါရှိပြီး fingerprint ကိုလည်း ကျောဘက်မှာ ထည့်သွင်းထားပါတယ်။ ဒါနဲ့အတူ ရောင်စုံ Asus ROG logo လေးပါရှိပြီး backlight ပေးထားတာကလည်း ဆွဲဆောင်မှု ရှိပါတယ်။ ရှေ့ဘက်မှာတော့ 8MP ကင်မရာပါရှိထားပါတယ်။

Photo: PC World Australia

 

အောက်တိုဘာ ၁၈ ရက်နေ့ဈေးကွက်ထဲ ရောက်မယ့် ဒီဖုန်းဟာ 128GB နဲ့512GB ဆိုပြီး မော်ဒယ်နှစ်မျိုးနဲ့ထွက်ထားတာပါ။ ဇွန်လထဲမှာ မိတ်ဆက်ခဲ့တဲ့ ROG ဂိမ်းဖုန်းကို အနိမ့်ဆုံး ၈၉၉ ဒေါ်လာ (မြန်မာငွေ ၁၄ သိန်း ) နဲ့အမြင့်မော်ဒယ်အတွက် ၁၀၉၉ ဒေါ်လာ (မြန်မာငွေ ၁၇ သိန်းကျော်) ဈေးတွေနဲ့အမေရိကန်ဈေးကွက်မှာ စတင်ရောင်းချသွားမယ်လို့ကြေငြာထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က