AD
AD
AD

စီးရီးတိုင်းကို အသစ်အသစ်ပဲ မိတ်ဆက်လာတဲ့ OnePlus ဟာ OnePlus 6 မှာလည်း လုံးဝအပြောင်းအလဲသစ်တွေပဲ ဆက်ထုတ်သွားဖို့ ရှိပါတယ်။ display ပိုင်း အချိုးအစားသစ်များအပြင် နောက်ဆုံးရထားတဲ့ Benchmark Score အရ ဒီဖုန်းဟာ ဈေးကွက်ဝင်စမတ်ဖုန်းတွေထဲမှာ အမြင့်ဆုံးလည်း ဖြစ်နေပါတယ်။

play

 

Android Central သတင်းမှာ တက်လာတဲ့ AnTuTu Benchmark score အရ ဒီဖုန်းဟာ Benchmark  ရမှတ်မှာ ထိပ်ဆုံးနေရာ ရောက်ထားတဲ့ Mi Mix 2S ထက်တောင် များနေပါတယ်။ AnTuTu Benchmark score စာရင်းမှာ Mi Mix 2S ကို ၂၇၃၇၄၁ မှတ် ပေးထားပါတယ်။ ကုဒ်နာမည် A6000 နဲ့  AnTuTu Benchmark မှာ တင်ထားတဲ့ OnePlus 6 ကတော့ Benchmark ပေါင်း ၂၇၆၅၁၀ မှတ် နဲ့ Mi Mix 2S ကို ကျော်ဖြတ်ထားတာပါ။

အစဉ်အလာအတိုင်း နောက်ဆုံးပေါ် chipset ပဲ သုံးလေ့ရှိတဲ့ OnePlus ဟာ OnePlus 6 မှာတော့ Qualcomm ရဲ့ နောက်ဆုံးထွက် Snapdragon 845 chipset ကို သုံးသွားမှာ ဖြစ်ပါတယ်။ OnePlus 5T မှာကတည်းက performance နဲ့ ပတ်သတ်လာရင် နာမည်ကြီး အန်းဒရိုက်ဖုန်းတွေထဲမှာ အမြန်ဆုံးအဖြစ် စံချိန်ရထားတာပါ။ OnePlus 6 ဟာ ဒီအစဉ်အလာကောင်းကို ဆက်ထိန်းသွားဖို့ ရှိနေပါတယ်။ Benchmark score ကြည့်ပြီး ဖုန်းတစ်လုံး စွမ်းဆောင်ရည် ဘယ်လောက် ကောင်းတယ် ၊ သုံးလို့ အဆင်ပြေတယ် ဆိုတာမျိုးကို အတွင်းကျကျ ပြောမရပေမယ့် ခြုံပြောရမယ်ဆိုရင် Benchmark score မြင့်တဲ့ ဖုန်းဟာ သာမန်ထက်တော့ ထူးထူးခြားခြား သုံးလို့ သွက်လက် မြန်ဆန်မှာတော့ သိသာပါတယ်။

 

OnePlus 6 နဲ့ ပတ်သတ်ပြီး နောက်ထပ် သိထားတဲ့ သတင်းတစ်ခုအရ ဒီဖုန်ဟာ ကိုယ်ထည်ဒီဇိုင်းအချိုးမှာ 19:9 aspect ratio သစ်ကို သုံးသွားမယ်ဆိုတာပါပဲ။ ဒီ ဒီဇိုင်းအချိုးကြောင့် ဖုန်းက ပိုရှည်သွယ် ပါးလျသွားပြီး screen နေရာပိုပြန့် သွားမှာ ဖြစ်ပါတယ်။ ဒီနှစ်ထဲမှာ iPhone X ရဲ့ notch စတိုင်ကိုမှ ပိုပြီး သေးတဲ့ ဟန်ကို ယူသုံးတဲ့ ဖုန်းတွေ အတော်လေး များလာပါတယ်။ Huawei ကလည်း မတ်လ ၂၇ ရက်နေ့ မိတ်ဆက်မယ့် P20 စီးရီးမှာ ဆက်သုံးထားပြီး OnePlus 6 ကလည်း ဒီဟန်ကို ဆက်သယ်သွားမယ်လို့ သတင်းတွေထွက်နေပါတယ်။

play

 

ကင်မရာအနေနဲ့ OnePlus 6 ဟာ ကျောဘက်မှာ နှစ်လုံးတွဲ ကင်မရာပါလာမယ်လို့ ဆိုပါတယ်။ ဒီကင်မရာရဲ့ ဒီဇိုင်း ၊ သုံးမယ့် lens တွေနဲ့ ဈေးကွက်ထဲ မိတ်ဆက်မယ့် ရက်တော့ မသိရသေးပါဘူး။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD