AD
AD
AD

BlackBerry စမတ်ဖုန်းတွေထဲမှာ ပထမဆုံး ရေစို ၊ ဖုန်တင်ခံနိုင်ပြီး physical keyboard မပါတော့တဲ့ BlackBerry Motion ကို ဇန်နဝါရီလ ၁၂ ရက်နေ့ အမေရိကန်ဈေးကွက်မှာ ဝယ်ယူရရှိနိုင်တော့မှာပါ။

play

 

ပြီးခဲ့တဲ့ အောက်တိုဘာလထဲမှာ အရှေ့ အလယ်ပိုင်းနိုင်ငံတွေဖြစ်တဲ့ ယူအေအီးနဲ့ ဆော်ဒီအာရေဗီးယားတွေမှာ စတင်ရောင်းချခဲ့ပြီး လူကြိုက်များခဲ့တဲ့ BlackBerry Motion ဟာ ထွက်ဖူးသမျှ BlackBerry စမတ်ဖုန်းတွေထဲမှာ အထူးခြားဆုံးနဲ့ အဆန်းသစ်ဆုံး စမတ်ဖုန်းတစ်လုံးလည်း ဖြစ်ပါတယ်။ အမြင်သာဆုံး အပြောင်းအလဲ နှစ်ခုက ဒီဖုန်းဟာ Google Pixel 2 စမတ်ဖုန်းသစ်တွေလိုမျိုး ရေစိုခြင်းနဲ့ ဖုန်တင်ခြင်းဒဏ်ကို IP67 rating အထိ ခံနိုင်ရည် ရှိလာခဲ့တဲ့ ပထမဆုံး BlackBerry ဖုန်းသစ်ဖြစ်ပြီး အမေရိကန်ဈေးကွက်ထဲကိုတော့ အခုမှ ရောင်းချသွားမှာ ဖြစ်ပါတယ်။

 

ဒီဇိုင်းပိုင်းမှာ အပြောင်းအလဲများစွာ ပါရှိလာပေမယ့် high-end ဖုန်းတစ်လုံးအနေနဲ့ ကြည့်မယ်ဆိုရင်တော့ သူ့ ရဲ့ specs တွေက သိပ်အလန်းကြီးတော့ မဟုတ်ပါဘူး။ သုံးထားတဲ့ processor ကလည်း octa-core Snapdragon 625 SoC ဖြစ်ပြီး RAM 4GB / storage 32 GB ပါရှိတာကတော့ မဆိုးဘူးလို့ ဆိုရမှာပါ။ မျက်နှာပြင်အရွယ်အစား ၅.၅ လက်မရှိပြီး ရုပ်ထွက် 1080p ပါရှိတဲ့အပြင် screen ကလည်း အစင်းခြစ်ဒဏ်ခံနိုင်တဲ့ မှန်ဖြစ်လို့ တော်တန်ရုံ ပွန်းတာတော့ စိတ်ပူရမှာ မဟုတ်ပါဘူး။ ထူးခြားတဲ့  နောက်ထပ် feature တစ်ခုက 4000mAh အကြီးစား ဘက်ထရီ ဖြစ်ပြီး အသုံးခံတဲ့ ဘက်ထရီစနစ်ကြောင့် BlackBerry ချစ်သူများအကြိုက် ဖြစ်မှာပါ။

play

 

Touch screen အပြည့်နဲ့ လာပြီး fingerprint ကို home button ထဲ ထည့်မြှပ်ထားတဲ့ ဒီဖုန်းဟာ ကင်မရာစနစ်အနေနဲ့ ရှေ့ ဘက် 8MP ကင်မရာနဲ့ ကျောဘက် 12MP ကင်မရာများကို သုံးထားပါတယ်။ OS စနစ်အနေနဲ့ Android 7.1.1 Nougat နဲ့  လာပြီး နှစ်ကုန်ပိုင်းလောက်မှာ Android 8.0 Oreo ကို update တင်ပေးသွားမယ်လို့ ဆိုပါတယ်။ dual SIM သုံးနိုင်တဲ့ ဒီဖုန်းကို အမေရိကန်ဈေးကွက်မှာတော့ Amazon နဲ့ BestBuy.com တို့ ကနေတစ်ဆင့် ရောင်းချသွားမှာ ဖြစ်ပြီး ဈေးနှုန်းကတော့ ဒေါ်လာ ၄၅၀ (မြန်မာငွေ ၆ သိန်းကျော်) ရှိမှာပါ။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD