mode နှစ်ခု ပါလာပါတယ်။

Always-on ပါတဲ့ OLED နဲ့LCD display နှစ်ခုကို စိတ်ကြိုက်ပြောင်းသုံးနိုင်တဲ့ TicWatch Pro ဟာ ဆန်းဆန်းပြားပြား စမတ်နာရီများထဲမှ ရှားရှားပါးပါး ထုတ်ကုန်တစ်ခုလို့ဆိုရမှာပါ။

dims (1).jpg

photo: engadget

 

Mobvoi ထုတ် TicWatch Pro ဟာ မေလကုန်ပိုင်းက ထွက်ထားတာ ဖြစ်ပြီး Display နှစ်ထပ်နဲ့လာတာ ဖြစ်ပါတယ်။ WearOS စနစ်သုံး အန်းဒရိုက်နာရီတစ်လုံးဖြစ်ပြီး OLED screen ပေါ်မှာ သာမန်ဒစ်ဂျစ်တယ်နာရီတစ်လုံးမှာ တွေ့မြင်နေကျ ထွင်းဖောက်မြင် LCD display တစ်ခု ထည့်ထားတာပါ။

OLED screen ဟာ WearOS interface ပြဖို့သုံးထားတာ ဖြစ်ပြီး နာရီကို မသုံးချိန်မှာ LCD နဲ့တွေ့ရမှာ ဖြစ်ပါတယ်။ ဒီ LCD display ကတော့ နာရီကြည့်ဖို့နဲ့ကိုယ်လက်ကြံ့ခိုင်ရေးအချက်အလက်တွေ ပြသပေးနေမှာပါ။ display ပေါ်လိုက်ပြီး ဘက်ထရီသုံးစွဲမှု ကလည်း ကွာသွားမှာ ဖြစ်ပါတယ်။

 

ဘက်ထရီနည်းလာပြီဆိုတာနဲ့LCD display နဲ့fitness data တွေလိုမျိုး အရေးကြီးတဲ့ sensor တွေ သုံးဖို့အတွက် Essential Mode ပါလာပါတယ်။ Essential Mode ချည်း သုံးမယ်ဆိုရင် ရက် ၃၀ အထိ အသုံးခံမှာပါ။

OLED display အတွက် သုံးတဲ့ Smart Mode ကတော့ WearOS UI ဖြစ်လို့မက်ဆေ့ချ်ပို့တာ ၊ သီချင်းဖွင့်တာနဲ့Google စမတ်နာရီတစ်လုံးမှာ ပါတဲ့ လုပ်ဆောင်ချက်အားလုံးကို သုံးနိုင်မှာ ဖြစ်ပါတယ်။ smat mode မှာတော့ ဘက်ထရီက ၂ ရက်ကနေ ၅ ရက်အထိပဲ အားခံမယ်လို့ဆိုပါတယ်။fitness data တွေကိုတော့ ဒီ mode နှစ်မျိုးစလုံးမှာ သုံးနိုင်မှာပါ။

photo: Android Authority

 

TicWatch Pro ဟာ အဆင့်မြင့် စမတ်နာရီတစ်လုံးဖြစ်တဲ့ အတိုင်း IP68 rating ရေစို/ဖုန်တင်ဒဏ် ခံနိုင်သလို GPS နဲ့NFC စနစ်များလည်း ပါဝင်ပါတယ်။ အနက်နဲ့ငွေ နှစ်ရောင်နဲ့ထွက်ထားတဲ့ ဒီနာရီကို Amazon မှာ ဒေါ်လာ ၂၅၀ (မြန်မာငွေ ၃ သိန်းခွဲကျော်) ဈေးနဲ့ရောင်းချနေပါတယ်။

Share

Loading Next Article...
က္က