Mobile: ကျောဘက်မှာ display ငယ်တစ်ခု ပါမယ့် Meizu Pro 7 ကို ဇူလိုင်လ ၂၆ ရက်နေ့ မိတ်ဆက်သွားမည်

Pro 7 နဲ့ Pro 7 Plus ဆိုပြီး နှစ်မျိုး ထုတ်သွားမှာပါ။

ဒီလထဲမှာ မြင်ရမယ့် စမတ်ဖုန်းသစ်တစ်လုံးကတော့ ရှေ့ နောက် ဆယ်လ်ဖီနှစ်ခုဆွဲဖို့ display နှစ်ခုပါတဲ့ Meizu Pro 7 စမတ်ဖုန်းပဲ ဖြစ်ပါတယ်။ Meizu Pro 7 ဟာ dual dispaly စမတ်ဖုန်းခေတ်ကို ပထမဆုံး ခြေချလာတဲ့ ဖုန်းဖြစ်လို့ အားလုံးက စိတ်ဝင်စားနေကြပါတယ်။

play

 

ကျောဘက်မှာ နှစ်လုံးတွဲကင်မရာပါလာမယ့် ဒီဖုန်းကို လာမယ့် ဇူလိုင်လ ၂၆ ရက်နေ့ မှာ မိတ်ဆက်သွားမယ်လို့ သတင်းထွက်နေပါတယ်။ ဒီဖုန်းရဲ့ ထူးခြားချက်ကတော့ ကျောဘက် dual camera အောက်မှာ အရန် screen အငယ်စားတစ်ခုကို သုံးသွားမှာပါ။ ဒီ screen ကတော့ ကျောဘက်ကင်မရာတွေကနေ ဆယ်လ်ဖီဆွဲလို့ ရသလို ဂိမ်းပါ ဆော့လို့ ရမယ်လို့ ဆိုပါတယ်။ ဒါဟာ ဆယ်လ်ဖီဆွဲရင် ရှေ့ ခြမ်းအရန်ကင်မရာကနေ ဆွဲတဲ့ခေတ်ကို ပြောင်းပြန်လှန်ပစ်မယ့် သဘောလည်း ဖြစ်ပါတယ်။

 

hardware specs အနေနဲ့ Meizu Pro 7 ဟာ MediaTek Helio X30 chipset ကို သုံးသွားမယ်လို့ ဆိုပါတယ်။ သူ့ ထက်မြင့်တဲ့ Pro 7 Plus မော်ဒယ်မှာတော့ Samsung ရဲ့ Exynos 8895 chipset ကို သုံးသွားမယ်လို့ လည်း သတင်းထွက်နေတယ်။ တရုတ်လူမှုကွန်ယက် Weibo ပေါ် တက်လာတဲ့ ပုံများအရ Meizo Pro 7 ဟာ ကာလာသစ်များ သုံးသွားဖို့ ရှိနေပြီး screen screen ပါလာမယ်ဆိုတာကိုပါ အတည်ပြုထားပါတယ်။

 

Meizu Pro 7 ဟာ မျက်နှာပြင် ၅.၂ လက်မအရွယ်အစား display သုံးသွားဖို့ ရှိပြီး ကျောဘက်မှာ Sony ထုတ် sensors များနဲ့ 12MP နှစ်လုံးတွဲကင်မရာ ပါရှိမယ်လို့ ဆိုပါတယ်။ ရှေ့ ဘက်မှာတော့ 16MP ကင်မရာ ပါရှိပြီး ရှေ့ ရောနောက်ကနေပါ ဆယ်လ်ဖီဆွဲနိုင်မှာ ဖြစ်ပါတယ်။  RAM 4GB အနည်းဆုံးနဲ့ ထွက်လာမယ့် Meizu Pro 7 နဲ့ Pro 7 Plus တို့ မှာ Pro စီးရီးက အရင်ထွက်လာပြီး ရွှေရောင်နဲ့ အနက်ရောင် နှစ်မျိုးနဲ့ ထွက်လာဖို့ ရှိပါတယ်။ ဈေးနှုန်းတော့ မသိရသေးပါဘူး။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ