iPhone XS Max ထက်ကို ပို အကြမ်းခံပါတယ်

Apple ရဲ့ မားကတ်တင်းဂုရုကြီးဖြစ်တဲ့ ဖီးလ်ရှီးလာကတော့ iPhone XS ဟာ စမတ်ဖုန်းတွေထဲမှာ အကြမ်းခံနိုင်ဆုံး မှန်တွေနဲ့ဖွဲ့စည်းထားတယ်လို့ကြေငြာခဲ့ပါတယ်။ ဒီစကား မမှားကြောင်း drop test တစ်ခုက သက်သေပြလိုက်ပါတယ်။

003.jpg

Photo: ZDNet

 

YouTube ချန်နယ်တစ်ခု ဖြစ်တဲ့ TechSmartt ဟာ iPhone X ၊ iPhone XS နဲ့XS Max သုံးလုံးကို စမ်းသပ်နည်း ၃ မျိုးနဲ့drop test လုပ်ပြီး စမ်းသပ်ပြခဲ့တာပါ။ iPhone X နဲ့XS/XS Max တို့ကို ယှဉ်ပြီး လွှတ်ချပြခဲ့တာ ဖြစ်ပါတယ်။

iPhone XS ကို ပထမဆုံးအဆင့်ဖြစ်တဲ့ ဘောင်းဘီအိတ်ကပ်နားကနေ မှန်ပြင်မှောက်လျက် လွှတ်ချပြရာမှာ ဘောင် နည်းနည်း ပွန်းပြီး အစင်းသေးသေး ထင်သွားတာကလွဲရင် မှန်မထိခဲ့ပါဘူး။ အရင်နှစ်က အလားတူ စမ်းသပ်မှုမှာ iPhone X မှန်ကွဲခဲ့ပေမယ့် ဒီနှစ်မှာတော့ ရှားရှားပါးပါး မှန်မထိခဲ့ပါဘူး။ XS နဲ့XS Max ကတော့ ဒီအဆင့်ကို အသာလေး ကျော်လွှားနိုင်ခဲ့ပါတယ်။

ဒီစမ်းသပ်မှုဟာ ၃ ပေခန့်အမြင့် ခါးနားက ထောင်လိုက် လွှတ်ချကြည့်ပါတယ်။ ဒါဟာ ပုံမှန် လက်ထဲက ဖုန်းတစ်လုံး လွတ်ကျတတ်တဲ့ အနေအထားမျိုးပါ။ ထောင်လိုက်လွှတ်ချရာမှာလည်း ဘောင်တွေ မဆိုစလောက် ပွန်းတာကလွဲရင် ဘာမှထိခိုက်မှု မရှိခဲ့ပါဘူး။ iPhone XS နဲ့XS Max ကတော့ ဒီအဆင့်မှာ အကောင်းဆုံးအနေအထားကို ပြသနိုင်ခဲ့ပါတယ်။ဒုတိယမြောက် drop test မှာတော့ ပိုပြီး ကြမ်းလာပါတယ်။

 

ဒီတစ်ကြိမ်မှာတော့ YouTuber ဟာ ဖုန်းပြောတဲ့ အနေအထားကနေ လွှတ်ချပြပါတယ်။ မျက်စိနဲ့တစ်တန်းတည်း အနေအထား ၅ ပေကျော် ကနေ လွှတ်ချလိုက်တာ ဖြစ်ပြီး ဖုန်းဟာ ထောင်လိုက်ဆင်းပြီး မှန်စောင်းနဲ့ကျသွားပါတယ်။ ထူးခြားတာက iPhone X မှာတုန်းက အောက်ခြေထောင့် မှန်ကွဲနဲ့အလယ်သားတွေ အက်သွားပေမယ့် XS နဲ့XS Max တို့က အစင်းရာ နည်းနည်း ထင်တာကလွဲရင် ဘာပြဿနာမှ မရှိခဲ့ပါဘူး။

နောက်ဆုံးအဆင့်မှာ လက်ခုပ်တစ်ဖောင်စာ ၁၀ ပေခန့်အမြင့်ကနေ iPhone X ၊ XS နဲ့XS Max တို့ကို လွှတ်ချပြခဲ့တာဖြစ်ပြီး iPhone X ကတော့ screen နဲ့ကျောဘက် glass တစ်ခုလုံး ကွဲအက်သွားခဲ့ပါတယ်။ iPhone XS ကတော့ ကျောဘက်ရော ရှေ့မှန်ပါ ဘာမှ မဖြစ်ခဲ့ဘဲ အကြမ်းခံနိုင်စွမ်းပြခဲ့ပြီး XS Max ကတော့ ၁၀ ပေအမြင့် စမ်းသပ်မှုမှာ လုံးဝပျက်စီးသွားခဲ့ပါတယ်။

Photo: Giga

 

ဒီအတိုင်းဆို iPhone XS ဟာ ထွက်ဖူးသမျှ iPhone တွေ အထူးသဖြင့် iPhone X မျိုးဆက်ဖုန်းတွေထဲမှာ အမာဆုံး ဖုန်းဖြစ်မလား ။ တစ်ခုရှိတာက ဒီ drop test ဟာ သိပ္ပံနည်းမကျပေမယ့် လက်တွေ့ကျတဲ့ စမ်းသပ်မှုဆိုလည်း မမှားပါဘူး။ ဒီအချက်ကြောင့် iPhone XS မှန်အကြမ်းခံတယ်ဆိုတဲ့အပိုင်းကတော့ ငြင်းရမယ် မထင်ပါဘူး။

Share

Loading Next Article...
က္က