processor သစ် သုံးထားပါတယ်

အကြီးစား ဘက်ထရီနဲ့mid-range processor သစ်ကို သုံးလာတာတဲ့ Honor 8C ကတော့ နောက်ဆုံးပေါ် ဘက်ဂျက်ဖုန်းတွေထဲမှာ စိတ်ဝင်စားစရာ ဖုန်းတစ်လုံးလို့ဆိုနိုင်ပါတယ်။



Photo: gizmochina

 

Huawei ဟာ Honor ဖုန်းတွေကို တန်ဖိုးသင့် မော်ဒယ်တွေအဖြစ် ထုတ်ထားတာ ဖြစ်ပေမယ့် သုံးထားတဲ့ spces တွေအရ ဘက်ဂျက်ထက် ပိုပါတယ်။ Honor 8C ဟာ notch ပါတဲ့ display ကို သုံးလာပြီး မျက်နှာပြင် ၆.၂၆ လက်မ ပါရှိပါတယ်။ notch သုံးပြီး ဘောင်ပါးလိုက်တာကြောင့် ဖုန်းမှန်ပြင်ဟာ ရှေ့ခြမ်း ၈၆.၆% ကို နေရာယူထားတဲ့ မှန်ပြင်ပြည့်ဒီဇိုင်း ဖြစ်နေပါတယ်။

ထူးခြားတာက ဒီဖုန်းဟာ Qualcomm ရဲ့ Snapdragon 632 SoC သစ်ကို ပထမဆုံး သုံးလာတာ ဖြစ်ပါတယ်။ ဒီချပ်စ်ကို ဇွန်လက စတင်ဖြန့်ချိခဲ့တာ ဖြစ်ပြီး Qualcomm ရဲ့ AI tools တွေ ပံ့ပိုးမှု ပါဝင်လာပါတယ်။ Snapdragon 625 ၊ 626 နဲ့Snapdragon 630 processor တို့ရဲ့ အဆက် mid-range processor သစ်လည်း ဖြစ်ပါတယ်။

RAM/storage ပိုင်းမှာတော့ Honor ရဲ့ အစဉ်အလာအတိုင်း 4GB/32GB နဲ့4GB/64GB storage နှစ်မျိုးနဲ့ထွက်လာပါတယ်။နောက်ထပ် အားသာချက်တစ်ခုက ဘက်ထရီ ဖြစ်ပါတယ်။ Honor 8C ဟာ 5V/2A (10W) charging စနစ်ပါဝင်တဲ့ 4000 mAh သုံးထားပါတယ်။ ကျောဘက်မှာတော့ fingerprint scanner နဲ့အတူ dual cameras များ ပါရှိပါတယ်။

AI Cameras စနစ်အဖြစ် ပါဝင်တဲ့ 13MP+2MP ကင်မရာနှစ်လုံးဟာ ဘက်ဂျက်ဖုန်းတစ်လုံးအတွက် ကောင်းမွန်တဲ့ ကင်မရာရိုက်ချက်တွေ ပံ့ပိုးပေးနိုင်ပါတယ်။ ရှေ့ဘက်မှာတော့ Face Unlock စနစ် သုံးနိုင်တဲ့ 8MP ကင်မရာ ပါဝင်ထားပါတယ်။

Photo: Android Authority

 

ဈေးကွက်မှာ pre-order မှာနိုင်ပြီ ဖြစ်တဲ့ Honor 8C ကို 32GB မော်ဒယ်အတွက် ၁၁၀၀ ယွမ် (မြန်မာငွေ ၂ သိန်းခွဲ) နဲ့64GB မော်ဒယ်ကို ၁၄၀၀ ယွမ် (မြန်မာငွေ ၃ သိန်းခန့်) ဈေးများနဲ့ရောင်းချသွားမယ်လို့ကြေငြာထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က