မျက်နှာပြင်အကြီးစား သုံးထားပါတယ်။

budget စမတ်ဖုန်းအနေနဲ့အရင်နှစ်ကတည်းက Huawei Y9 ဟာ စိတ်ဝင်စားစရာတွေနဲ့ထွက်လာခဲ့တာပါ။ ၂၀၁၉ ဗားရှင်း Huawei Y9 ကတော့ ပိုပြီးသားနားတဲ့ ဒီဇိုင်းသစ်နဲ့အဆင့်မြှင့်တင်မှုတွေ ပါလာပါတယ်။

Huawei-Y9-2019-officially-unveiled-as-the-prodigy-for-the-new-generation.jpg

Photo: GSMArena

 

၂၀၁၉ မော်ဒယ် Huawei Y9 ဟာ မျက်နှာပြင်အကြီးစားကိုု ပြောင်းသုံးထားတာပါ။ iPhone XS Max နဲ့မျက်နှာပြင်အရွယ်အစား အတူတူပဲ ဖြစ်တဲ့ ၆.၅ လက်မ notch display နဲ့လာတာ ဖြစ်ပါတယ်။ Huawei P20 series နဲ့အတော်လေး ဆင်ပြီး 1080 x 2340 pixel ရုပ်ထွက်ပါ display လည်းဖြစ်ပါတယ်။

ဒီတစ်ခါ Huawei Y9 ကတော့ mid-range စစ်စစ်လို့ဆိုနိုင်ပါတယ်။ သုံးထားတဲ့ processor ကလည်း Huawei ရဲ့ ချပ်စ်နည်းပညာသစ်ဖြစ်တဲ့ Kirin 710 Processor ကို သုံးထားတာ ဖြစ်ပါတယ်။ Kirin 710 chipset သစ်မှာ NPU လို့ခေါ်တဲ့ AI လေ့လာမှု စွမ်းရည်ပါရှိသလို animoji  ဖန်တီးမှု သစ်များနဲ့အမြင့်စား Graphic စွမ်းဆောင်ချက်များ ပါရှိမှာပါ။

တရားဝင် အချက်အလက်တွေအရ Huawei Y9 (2019) ဟာ RAM 4GB နဲ့6GB ဗားရှင်း ၂ မျိုးနဲ့ထွက်လာမှာ ဖြစ်ပြီး storage အနေနဲ့ 64GB နဲ့128GB နှစ်မျိုး ပါရှိမယ်လို့ဆိုပါတယ်။Huawei ကတော့ ဒီဖုန်းဟာ မျိုးဆက်သစ် ဂိမ်မာတွေတွက် ဦးတည် ထုတ်လုပ်ထားတာ ဖြစ်တယ်လို့ကြေငြာထားပါတယ်။

ကျောဘက်မှာ 13MP+2MP ကင်မရာနဲ့ရှေ့ဘက် 16MP+2MP ကင်မရာအတွဲအစပ်စနစ်ဟာ အရင်နှစ် ၂၀၁၈ ဗားရှင်းနဲ့တစ်ပုံစံတည်းဖြစ်ပြီး portrait shot အတွက် 2MP သုံးတာကလည်း တစ်ပုံစံတည်းပါပဲ။

ကျောဘက် ကင်မရာအောက်မှာ ဝ.၃ စက္ကန့်အတွင်း ဖုန်းကို လော့ခ်ဖွင့်နိုင်တဲ့ Fingerprint 4.0 နည်းပညာ သုံးသွားပါတယ်။  ဆော့ဖ်ဝဲလ်ပိုင်းမှာတော့ EMUI 8.2 အခြေခံထားတဲ့ Android 8.1 Oreo နဲ့လာပြီး 4000 mAh ဘက်ထရီအကြီးစား ပါရှိမှာပါ။

Photo: tecnoversia

 

လောလောဆယ်မှာတော့ Huawei Y9 (2019) ကို ရောင်းချမယ့်ရက်နဲ့ဈေးနှုန်း မသိရသေးပါဘူး။ အရင်နှစ်က Huawei Y9 (2018) ကိုတော့ မြန်မာငွေ ၂၅၉၀၀၀ ကျပ်ဈေးနဲ့ရောင်းချခဲ့တာပါ။

Share

Loading Next Article...
က္က