notch display သုံးသွားမှာပါ

Nokia X6 ကစပြီး ခေတ်ပေါ် notch display ပါ စမတ်ဖုန်းကို မိတ်ဆက်ခဲ့တဲ့ HMD Global ဟာ နောက်ထပ် notch ပါတဲ့ ဖုန်းတစ်လုံးကို ဇူလိုင် ၁၁ ရက်နေ့မှာ ကြေငြာသွားတော့မှာပါ။

photo: gizchina

 

တရုတ်ဈေးကွက်မှာ Nokia 5.1 Plus လို့ ခေါ်နေတဲ့ ဒီဖုန်းရဲ့ TENAA specs တွေအရ Nokia X5 ဟာ mid-range ဖုန်းတစ်လုံးအဖြစ် မြင်ရဖို့ရှိပါတယ်။ မျက်နှာပြင် ၅.၈၆ လက်မ ရှိပြီး ကိုယ်ထည်ဒီဇိုင်းအချိုးအစားကို Nokia X6 လိုမျိုး 19:9 screen နဲ့လာမှာပါ။ ရုပ်ထွက်ပိုင်းမှာတော့ 1520 x 720p ရုပ်ထွက်ပါရှိပြီး notch ကြောင့် screen နေရာယူမှု ပိုမြင့်လာမှာ ဖြစ်ပါတယ်။

Nokia X5 ဟာ processor အနေနဲ့2.0GHz octa-core MediaTek Helio P23 chipset နဲ့အတူ RAM ဗားရှင်း ၃ မျိုးနဲ့ထွက်လာမှာပါ။ အနက် ၊ အပြာ နဲ့အဖြူ ကာလာ ၃ ရောင်ပါပြီး ကျောဘက်မှာ fingerprint scanner နဲ့ထောင်လိုက် dual cameras တွေ သုံးသွားမယ်လို့ဆိုပါတယ်။ ကင်မရာအတွဲအစပ်အနေနဲ့ကျောဘက် 13MP နဲ့5MP နှစ်လုံးတွဲ ကင်မရာသုံးသွားပြီး အရှေ့မှာ 8MP ဆယ်လ်ဖီကင်မရာ ပါလာမှာပါ။

Android 8.1 OS စနစ်နဲ့လာတဲ့ ဒီဖုန်းဟာ ဘက်ထရီကိုတော့ 3000 mAh ဘက်ထရီကို သုံးသွားမှာ ဖြစ်ပြီး fast charging ပါမပါတော့ မသိရသေးပါဘူး။ တရုတ်ဈေးကွက်မှာတော့ Nokia X5 ရဲ့ အနိမ့်ဆုံး RAM 3GB မော်ဒယ်ကို ၇၉၉ ယွမ် (မြန်မာငွေ ၁ သိန်း ၇ သောင်းခန့်) ကနေ စတင်ရောင်းချသွားဖို့ရှိပါတယ်။ HMD Global ဟာ မကြာခင်မှာ နောက်ထပ် ဖုန်းသစ် ၂ မျိုးကို ထပ်ပြီး မိတ်ဆက်သွားဖို့ရှိပါတယ်။

photo:GSMArena

 

စိတ်ဝင်စားစရာကောင်းတာက နောက်ထွက်လာမယ့်  Nokia ဖုန်းသစ်နှစ်လုံးမှာ တစ်လုံးက upper mid-range chipset ဖြစ်တဲ့ Snapdragon 710 SoC နဲ့တစ်လုံးကိုတော့ Snapdragon 845 Chipset သုံးသွားမယ်လို့ဆိုပါတယ်။ ဒီဖုန်းတွေနဲ့ပတ်သက်ပြီး သတင်းအချက်အလက်ကတော့ တတိယသုံးလပတ်အတွင်း ထပ်ပြီး စောင့်ကြည့်ရမှာပါ။

Share

Loading Next Article...
က္က