Android One ဖုန်းပါ

Nokia 6.1 Plus နဲ့Nokia X6 ဟာ ဈေးကွက်အရ နာမည်နှစ်ခုနဲ့လာတဲ့ တစ်ခုတည်း ဖုန်းဖြစ်ပေမယ့် မတူတဲ့အပိုင်းတွေလည်း ရှိနေပါတယ်။

photo: Gadgets

 

တရုတ်မှာ Nokia X6 နာမည်နဲ့ရောင်းချခဲ့ပြီး ကမ္ဘာ့ဈေးကွက်မှာတော့ Nokia 6.1 Plus ဆိုပြီး ထွက်လာတာပါ။ ဒီဇိုင်းပိုင်းနဲ့specs ပိုင်းမှာ တစ်ခုတည်း ဆိုပေမယ့် မတူတာတစ်ခုက Nokia 6.1 Plus ဟာ Google ရဲ့ pure android စနစ်နဲ့လာတဲ့ Android One ဖုန်းဖြစ်ပြီး RAM/storage ဗားရှင်းတစ်ခုတည်းနဲ့ထုတ်သွားမှာ ဖြစ်ပါတယ်။

Nokia X6 ကစပြီး notch display ကို ပထမဆုံး သုံးလာခဲ့တဲ့ Nokia ဟာ ဒီဖုန်းမှာလည်း မျက်နှာပြင် ၅.၈ လက်မ FullHD+ (1080 x 2280px) သုံးထားပြီး dual nano SIM ဖုန်းတွေအဖြစ် ထွက်လာတာပါ။ ကိုယ်ထည်အချိုးအစားအနေနဲ့19:9 screen ကို သုံးထားပြီး Gorilla Glass 3 မှန်အုပ်ပြီး အစင်းဒဏ်ကို ကာကွယ်ပေးထားပါတယ်။ မှန်ပြင်အပြည့်နီးပါး display ဟာ အောက်ခြေမှာ ဘောင်သေးသေး တစ်ခု ပါပြီး nokia ရဲ့ logo ကို ထည့်သွင်းထားတာပါ။

processor အနေနဲ့Nokia 6.1 Plus မှာလည်း octa-core processro Snapdragon 636 chipset သုံးပြီး RAM 4GB/64GB storage တစ်မျိုးတည်းနဲ့ထွက်လာပါတယ်။ mid-range စီးရီး Nokia ဖုန်းတစ်လုံးအနေနဲ့ကျေနပ်စရာကောင်းတာက ကျောဘက်မှာ dual cameras တွေ သုံးလာတာပါ။

Carl Zeiss မဟုတ်ပေမယ့် 16MP နဲ့5MP dual cameras များ ပါရှိပြီး AI နဲ့ဓါတ်ပုံ ရုပ်ထွက်များ ၊portrait lightning effects များ အပြင် မျက်နှာပြင်ဖတ်စနစ်များလည်း ပါရှိမှာပါ။ ရှေ့ ဘက်မှာ 16MP ကင်မရာပါရှိပြီး နာမည်ကြီး Nokia 8 လို ကင်မရာအကုန်လုံးသုံးပြီး တစ်ပြိုင်နက်တည်း ရိုက်နိုင်တဲ့ Bothie feature ပါဝင်တာကလည်း စိတ်ဝင်စားဖို့ကောင်းပါတယ်။

photo: Slash Gear

 

Nokia 6.1 Plus ဟာ 3060 mAh ဘက်ထရီသုံးထားပြီး USB Type C ကနေ အားသွင်းနိုင်မှာပါ။ ဒီဘက်ထရီစနစ်ကတော့ Quick Charge 3.0 ကြောင့် နာရီဝက်အတွင်း ၅၀% အထိ အားဝင်မှာ ဖြစ်ပါတယ်။  Nokia 6.1 Plus ကို ဟောင်ကောင်ဈေးကွက်မှာ ဇူလိုင် ၂၄ ရက်နေ့ကစပြီး ဟောင်ကောင်ဒေါ်လာ ၂၂၈၈ ဒေါ်လာဈေး (မြန်မာငွေ ၄ သိန်းကျော်) ဈေးနဲ့ရောင်းချသွားမှာပါ။

Share

Loading Next Article...
က္က