အလတ်တန်းစားဈေးနဲ့ထွက်လာဖို့ရှိပါတယ်။

နောက်နှစ်ဆန်းရောက်မှ မိတ်ဆက်သွားဖို့ရှိပေမယ့် render ပုံမှာကိုပဲ Sony Xperia L3 ဟာ အတော်လေး လန်းနေပါပြီ။

Sony-Xperia-L3-renders-3.jpg

Photo: mytech news india

 

ပုံမှန်အားဖြင့် Sony ဟာ Xperia A နဲ့L series သစ်တွေကို ဇန်နဝါရီ လဆန်းပိုင်းတွေမှာ ကျင်းပဖြစ်တဲ့ CES ပွဲတွေမှာ မိတ်ဆက်နေကျ ဖြစ်ပါတယ်။ ဒီနှစ် CES မှာ Sony ဟာ ဒေါ်လာ ၂၅၀ တန် Xperia L2 ကို ကြေငြာခဲ့ပါတယ်။

နောက်တစ်ခါ mid-range မော်ဒယ် Sony ဖုန်းအဖြစ် မိတ်ဆက်သွားမယ့် Xperia L3 မှာတော့ ပိုပြီး ခေတ်မီအချိုးကျတဲ့ ဒီဇိုင်းနဲ့dual cameras တွေ သုံးသွားမယ်လို့render ပုံတွေက ညွှန်းထားပါတယ်။

Sony Xperia L3 ရဲ့ အမြင်သာဆုံး အပြောင်းအလဲက သားနားတဲ့ 18:9 aspect ratio သုံး ဒီဇိုင်း ဖြစ်မှာပါ။ မျက်နှာပြင် အရွယ်အစား ၅.၄ လက်မရှိပြီး HD+ ရုပ်ထွက်ပါလာမယ့် ဒီဖုန်းဟာ power button ကို လက်ဗွေလိုသုံးနိုင်အောင် ပြောင်းထားတာ ဖြစ်ပါတယ်။

အရင် Xperia L2 မှာတော့ ကျောဘက် single lens အောက်မှာ fingerprint scanner ကို ထားခဲ့တာပါ။ Sony ရဲ့ ထူးခြားချက်ကတော့ ဒီနေ့အချိန်အထိ notch display မသုံးသေးတာ ဖြစ်ပါတယ်။ Xperial L3 မှာလည်း ရိုးရိုးဘောင်ခပ်ထူထူ display ဒီဇိုင်းကိုမှ ထောင့်စွန်းတွေ လုံးထားပေးမှာပါ။ bezel ပိုင်းမှာတော့ အရင် မော်ဒယ်တွေထက် ပိုပါးလာမယ့် သဘောမှာ ရှိပါတယ်။

ကင်မရာစနစ်ဟာ Xperia L3 ရဲ့ ထူးခြားချက်ဖြစ်ပြီး ထောင်လိုက် ညာဘေးကပ် dual cameras တွေနဲ့ထွက်လာမှာပါ။ အခုချိန်ထိတော့ သုံးသွားမယ့် lens တွေအကြောင်း မသိရသေးပါဘူး။ သူနဲ့အတူ မိတ်ဆက်သွားမယ့် Xperia XA3 ကတော့ ကျောဘက်အလယ်မှာ အလျားလိုက် dual cameras သုံးသွားဖို့ရှိပါတယ်။

နှစ်ဆန်းပိုင်းက ထွက်ထားတဲ့ Sony Xperia XA2 Ultra မှာ OIS စနစ်နဲ့လာသလို နောက်နှစ် CES ပွဲမှာ တွေ့ရမယ့် Sony Xperia L3 မှာလည်း အဆင့်မြင့် dual ကင်မရာစနစ်တွေကို မြင်ရမှာပါ။ ကွန်ရက်ချိတ်ဆက်မှုပိုင်းမှာ Sony ဟာ Xperia XA2/L2 တို့မှာကတည်းက Bluetooth 5.0 ကို သုံးခဲ့တာကြောင့် Xperia L3 မှာလည်း Bluetooth 5.0 သုံးဖို့သေချာသလောက် ရှိပါတယ်။

 

လက်ရှိအချိန်မှာ ဒီဖုန်းရဲ့ ဈေးနှုန်းအကြောင်း ပြောဖို့စောပါသေးပါတယ်။ တစ်ခုရှိတာက Xperia L2ကို ဒေါ်လာ ၂၅၀ ဈေးနဲ့ရောင်းချခဲ့တာကို ပြန်တွက်ကြည့်ရင် Xperia L3 မှာလည်း ဈေးသိပ်မမြောက်တဲ့ mid-range နှုန်းနဲ့ထွက်လာဖို့ရှိပါတယ်။

Share

Loading Next Article...
က္က