AD
AD
AD

MWC 2018 ပွဲကြီးမှာ Asus ကလည်း Zenfone 5 စီးရီး စမတ်ဖုန်းသစ်တွေ မိတ်ဆက်သွားမှာပါ။ လောလောဆယ် ပွဲမတိုင်ခင် တက်လာတဲ့ သတင်းတွေအရ ဒီဖုန်းဟာ ရှေ့ နောက် ကင်မရာ ၄ လုံးအထိ သုံးသွားမယ်လို့ ဆိုပါတယ်။

quad-camera စနစ်နဲ့ လာမယ့် ဒီဖုန်းအကြောင်းကို နာမည်ကြီး စမတ်ဖုန်းသတင်းသမားတစ်ဦးဖြစ်တဲ့ အီဗန်ဘလတ်စ်က သူ့ ရဲ့ Twitter မှာ တင်ထားတာပါ။ Dual selfie နဲ့ dual rear ကင်မရာသုံးသွားမယ့် ဒီဖုန်းဟာ ရှေ့ ဘက်မှာ 20MP ကင်မရာစနစ်များနဲ့ ကျောဘက် 16MP ကင်မရာနှစ်လုံးစနစ်များကို သုံးသွားမှာ ဖြစ်ပါတယ်။ ကျောဘက် dual camera ကတော့ ဒေါင်လိုက်ကင်မရာဒီဇိုင်းနဲ့ လာမှာ ဖြစ်ပါတယ်။ Zenfone 5 နဲ့ အတူ အသေးစားဗားရှင်းဖြစ်တဲ့ Zenfone 5 Lite ကိုလည်း မိတ်ဆက်သွားမှာ ဖြစ်ပြီး ဒီဖုန်းကလည်း ကင်မရာ ၄ လုံး သုံးသွားဖို့ ရှိပါတယ်။

play

 

Zenfone 5 ရဲ့ ကျောဘက် ကင်မရာစနစ်အောက်မှာ လက်ဗွေဖတ်စနစ်ထည့်သွင်းသွားမှာ ဖြစ်ပြီး ကျောဘက် ကင်မရာထဲမှာ 120 degree မြင်ကွင်းကျယ် ကင်မရာမှန်ဘီလူများ သုံးသွားမယ်လို့ ဆိုပါတယ်။ ဒီဖုန်းတွေရဲ့ ကင်မရာစနစ်မှာ ထူးထူးခြားခြား features တွေ ကင်မရာ mode အသစ်တွေကို ထည့်သွင်းလာမလားဆိုတာ စောင့်ကြည့်ရဦးမယ်။ display အနေနဲ့ 2160 x 1080 p ရုပ်ထွက်ပါရှိမှာ ဖြစ်ပြီး ကိုယ်ထည်ဒီဇိုင်းကတော့ 18:9 aspect ratio နဲ့ လာမယ်လို့ လည်း အီဗန်ဘလတ်စ်ကတော့ သုံးသပ်ထားပါတယ်။

Asus Zenfone 5 ဟာ အနက်ရောင် ၊ အဖြူရောင်နဲ့ အနီရင့်ရောင် သုံးမျိုးနဲ့ ရောင်းချသွားမှာ ဖြစ်ပြီး ဈေးနှုန်းကိုတော့ ဒီဖုန်းကို ဒေါ်လာ ၃၀၀ နဲ့ အထက် ဈေးလောက်နဲ့ ရောင်းချသွားဖို့ လည်း ရှိနေပါတယ်။ ဈေးနှုန်းအပြင် ဖုန်းရဲ့ specs အတိအကျကိုတော့ လာမယ့် ဖေဖော်ဝါရီလ ၂၇ ရက်နေ့ MWC ပွဲမှာ မြင်ရမှာပါ။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD