တရုတ်ဈေးကွက်မှာတော့ ရိုးရိုး dual SIM ပဲ သုံးမှာပါ

ကမ္ဘာပေါ်မှာ eSIM နည်းပညာကို ပထမဆုံး သုံးတဲ့ ဖုန်းက Google ရဲ့ ဒုတိယမျိုးဆက် Pixel 2 ဖုန်းတွေမှာ ဖြစ်ပါတယ်။ ဒီနှစ်မှာတော့ Apple ကလည်း ဒီနည်းပညာကို iPhone သစ်တွေမှာ အသုံးပြုလာပြီ ဖြစ်ပါတယ်။

screen-shot-2018-09-12-at-11-16-42-am.png

Photo: CNET

 

eSIM လို့အတိုကောက်ခေါ်ကြတဲ့ Electronic SIM (သို့) embedded SIM စနစ်ဟာ ဖုန်းမှာ အသေပါလာမယ့် နည်းပညာမျိုး ဖြစ်ပြီး SIM tray ကနေ ပင်နဲ့ဖြုတ်ထည့်စရာ မလိုတော့ပါဘူး။ eSIM စနစ်ကြောင့် SIM card ဝယ်စရာ မလိုသလို ဝိုင်ယာလက်ချိတ်ဆက်ရာမှာလည်း အလွန်ကို မြန်ဆန်လာမယ်လို့ဆိုပါတယ်။

နိုင်ငံဖြတ်ကျော် ခရီးသွားများအတွက် roaming fees ပေးစရာ မလိုသလို carrier မတူတာတွေကို အလွယ်ကလေး ပြောင်းနိုင်မှာပါ။ ဒါ့အပြင် ကွန်ရက်မတူတဲ့ ဖုန်းနံပါတ်နှစ်ခုကို ဖုန်းတစ်လုံးတည်းမှာ တစ်နေရာတည်း ထည့်သုံးနိုင်မှာ ဖြစ်ပါတယ်။ အလုပ်နဲ့ကိုယ်ရေးကိုယ်တာ ဖုန်းနှစ်မျိုးစလုံးကို တစ်နေရာတည်း ထားနိုင်တာကြောင့် ဖုန်းဝင်လာတာနဲ့အပန်းဖြေနေချိန်မှာ အလုပ်ဖုန်းမှန်းသိပြီး ဒီအတိုင်း ပစ်ထားလို့ရမှာပါ။

dual SIM စနစ်ကို ပထမဆုံး သုံးလာတဲ့ iPhone XS နဲ့XS Max မှာတော့ ရိုးရိုး physical SIMကဒ်တစ်ခု နဲ့eSIM တစ်ခု ပါလာမှာ ဖြစ်ပါတယ်။ eSIM အတွက် ဒစ်ဂျစ်တယ် sign up စာရင်းသွင်းရုံပဲ လုပ်ရမှာ ဖြစ်ပြီး နိုင်ငံရပ်ခြား ခရီးသွားတဲ့ သူတွေ တစ်ခြားဒေသတွင်း ဖုန်းနံပါတ်တစ်ခုကို ယာယီ အသုံးပြုလိုသူတွေအတွက် အသုံးဝင်မယ့် စနစ်လည်း ဖြစ်ပါတယ်။

"eSIM စနစ်ကို Apple ကနေ ထိန်းချုပ်သွားမှာ ဖြစ်ပြီး ကုမ္ပဏီကနေပဲ ဘယ် မိုဘိုင်းလ်ကွန်ရက်နဲ့လက်တွဲမယ် မိုဘိုင်းအစီအစဉ်တွေကို ဖော်ဆောင်သွားမယ်ဆိုတာကို ဆုံးဖြတ်နိုင်မှာပါ" လို့Counterpoint Research မှ သုတေသန ညွှန်ကြားရေးမှူး နီးလ်ရှားက ဆိုပါတယ်။ ဒီနည်းနဲ့eSIM ကဒ် sign up လုပ်တာတွေအတွက် ဝင်ငွေတွေ ရယူသွားမယ်လို့လည်း ဆိုပါတယ်။

Apple ဟာ ၂၀၁၇ ခုနှစ် Apple Watch Series 3 ကို မိတ်ဆက်ကတည်းက သာမန် SIM ကတ်တစ်ခုထက် အဆ ၁၀၀ သေးငယ်တဲ့ eSIM ကို စသုံးခဲ့တာပါ။ ဒီကတည်းက ၂၀၁၈ iPhone မော်ဒယ်သစ်တွေမှာလည်း eSIM စနစ်ကို မဖြစ်မနေ သုံးတော့မယ်လို့အများက ယူဆထားခဲ့ကြပါတယ်။ တစ်ခုရှိတာက eSIM သုံး iPhone တွေကို ဈေးကွက် ၉ ခုက users တွေကပဲ သုံးနိုင်မှာပါ။

Photo: BGR

 

အမေရိကန်ဈေးကွက်အပါအဝင် သြစတြေးလျ ၊ ကနေဒါ ၊ ခရိုအေးရှား ၊ ချက် ၊ ဂျာမဏီ ၊ ဟန်ဂေရီ ၊ စပိန် ၊ ယူကေနဲ့အိန္ဒိယ စတဲ့ နိုင်ငံတွေမှာ eSIM feature ကို သုံးနိုင်မှာ ဖြစ်ပါတယ်။ တရုတ်ဈေးကွက်မှာတော့ daul SIM ကိုမှ ရိုးရိုး physical SIM cards တွေနဲ့ထွက်လာမှာပါ။

 

Share

Loading Next Article...
က္က